University in Singapore
Singapore
Singapore Education
စင်ကာပူအဆင့်မြင့်ပညာရေး၏အားသာချက်ကတော့ ကမ္ဘာ့အဆင့်မီနိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်၍ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဒီဂရီများကိုကုန်ကျစရိတ်သက်သာစွာဖြင့် သင်ကြားခွင့်ရရှိနိုင်စေရန်ဖန်တီးပေးထားခြင်းပဲ ဖြစ်ပါသည်။
အဆင့်တန်းမြင့်မားသောနေထိုင်မှု ၊ နိုင်ငံတကာအဆင့်မီပညာရေးစနစ်နှင့် အလုပ်အကိုင်အခွင့်အလမ်း ကောင်းများ ဖန်တီးပေးထားခြင်းကြောင့် စင်ကာပူနိုင်ငံကအရှေ့တောင်အာရှမှအောင်မြင်တိုးတက်လိုသော လူငယ်များစုစည်းရာ နိုင်ငံလည်းဖြစ်ပါသည်။
ကျောင်းသူ ၊ ကျောင်းသားများအတွက် Immigration checkpoints Authority (ICA) ကဲ့သို့ အဖွဲ့အစည်းများ ကကူညီပံ့ပိုးပေးသလိုသက်ဆိုင်ရာကျောင်းများကလည်း နိုင်ငံတကာကျောင်းသူ ၊ ကျောင်းသားများနေထိုင်ရေးနှင့် သင်ကြားရေး ဝန်ဆောင်မှုများ စီစဉ်ပံ့ပိုးပေးမှုများလည်းရှိပါသည်။
ဒါ့အပြင် စင်ကာပူနိုင်ငံမှ အစိုးရတက္ကသိုလ်ကြီးများဖြစ်သောNational University of Singapore (NUS) နှင့်Nanyang Technological University (NTU) ကဆိုရင် ၂၀၁၇ ခုနှစ် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အဆင့် ၁၂ နှင့် ၁၃ မှာရရှိခဲ့ပါသေးသည်။
ထိုသို့ကမ္ဘာ့အဆင့်မီပညာရေးစနစ်ကိုကုန်ကျစရိတ်သက်သာစွာဖြင့် မြန်မာနိုင်ငံနှင့်အနီးဆုံးအရှေ့တောင်အာရှနိုင်ငံမှာ သင်ကြားလိုသူများအတွက် စင်ကာပူပညာရေးကအသင့်တော်ဆုံးနှင့် အကောင်းဆုံးဖြစ်မည်ဟုယုံကြည်ပါသည်။
Private Education Sector
စင်ကာပူနိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍတွင် အစိုးရတက္ကသိုလ်များ ၊ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများနှင့် အသက်မွေးဝမ်းကြောင်းတက္ကသိုလ် ၊ ကောလိပ်များ ပါဝင်ပါသည်။
မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ဝင်ခွင့်လိုအပ်ချက်နှင့် ကျောင်းဝင်ခွင့်အလွယ်ကူဆုံးကတော့ Private Institution များဖြစ်ပြီးအဆိုပါ Institute များက နိုင်ငံတကာတက္ကသိုလ်များနှင့်ချိတ်ဆက်၍ ဝင်ခွင့်သတ်မှတ်ချက်ကိုလည်းအဆိုပါနိုင်ငံတကာတက္ကသိုလ်များအတိုင်းသတ်မှတ်ထားပါသည်။
မြန်မာနိုင်ငံမှတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးကျောင်းသူ ၊ ကျောင်းသားများအတွက် Foundation program များနှင့် Diploma သင်တန်းများမှတစ်ဆင့် Bachelor degree ပထမနှစ်ကိုတက်ရောက်နိုင်ပြီးတက္ကသိုလ်တက်ရောက်နေဆဲကျောင်းသူ၊ ကျောင်းသားများ ၊ HND နှင့် NCC Advanced Diploma ပြီးဆုံးထားသူများ ၊ LCCI ပြီးဆုံးထားသူများအတွက် ဘာသာရပ်ကင်းလွတ်ခွင့်များနှင့် Top-up program များလည်းရှိပါသည်။
ဒါ့အပြင် မြန်မာနိုင်ငံမှ ဘွဲ့ရရှိပြီးသူများအတွက် postgraduate diploma သင်တန်းများမှတစ်ဆင့် master degree ကိုဆက်လက်တက်ရောက်နိုင်ပါသည်။လုပ်ငန်းအတွေ့အကြုံနှင့်သတ်မှတ်ထားသော MBA ကဲ့သို့ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့လွန်ဒီဂရီများကိုလည်းစင်ကာပူနိုင်ငံရှိ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများတွင် တက်ရောက်နိုင်ပါသည်။
Undergraduate သင်တန်းအတွက် ဘာသာရပ်ပေါ်မူတည်ပြီး Foundation မှ Bachelor degree ရရှိသည်အထိအချိန်ကာလ (၂) နှစ်မှ (၄) နှစ်အထိကြာမြင့်ပြီး Postgraduate အတွက်ကတော့ (၁) နှစ်ခွဲမှ (၂) နှစ်အထိ ကြာမြင့်နိုင်ပါသည်။
Singapore Living Expenses
အရှေ့တောင်အာရှ၏လူနေမှုအဆင့်အတန်းအမြင့်မားဆုံးစင်ကာပူနိုင်ငံတွင် သွားရောက်ပညာသင်ကြားမည့် ကျောင်းသူ ၊ ကျောင်းသားများအတွက် နေထိုင်စားသောက်စရိတ်ကုန်ကျမှုအကြမ်းမျဉ်းကို ကြိုတင်သိရှိထားဖို့လည်းလိုအပ်ပါသည်။
ကျောင်းသားတစ်ဦးချင်းစီ၏အသုံးစရိတ်ပေါ်မူတည်၍ တစ်လလျှင် အနည်းဆုံးမြန်မာကျပ် (၇) သိန်းဝန်းကျင်မှ (၁၉) သိန်း ဝန်းကျင်အထိ ကုန်ကျနိုင်ပါသည်။ သင်ကြားသည့်ဘာသာရပ်နှင့်နေထိုင်မှုပုံစံပေါ်မူတည်ပြီးကုန်ကျစရိတ် ကွာခြားသွားခြင်းဖြစ်ပါသည်။
စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသားတစ်ဦးချင်းစီအတွက်လစဉ်ကုန်ကျစရိတ်များ ကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
Item Cost per month
Accommodation : ကျပ် (၄) သိန်းဝန်းကျင်မှ (၆) သိန်းဝန်းကျင်
Utilities (ရေ ၊ လျှပ်စစ် အပါအဝင်): ကျပ် လေးသောင်းဝန်းကျင်မှ (၁) သိန်းဝန်းကျင်
Food : ကျပ် (၂) သိန်းခွဲဝန်းကျင်မှ (၃) သိန်းခွဲဝန်းကျင်
Travel Charges : ကျပ် (၅) သောင်းဝန်းကျင်
Tele Communication : ကျပ် (၅) သောင်းဝန်းကျင်
Stationary & Book : ကျပ် (၁) သိန်းဝန်းကျင်
Own Expenses : ကျပ် (၁) သိန်းဝန်းကျင်မှ (၃) သိန်းဝန်းကျင်
မှတ်ချက်။ ။ အထက်ပါကုန်ကျစရိတ်များသည် ကျောင်းသားတစ်ဦးချင်းစီး၏ နေ့စဉ် ၊ လစဉ်အသုံးစရိတ်ပေါ်မူတည်ပြီးအနည်းအများကွဲခြားနိုင်ပါသည်။
Universities & Institutions in Singapore
Hotel and Tourism Management Institute, Singapore (HTMi, Singapore)

Hotel and Tourism Management Institute, Singapore (HTMi, Singapore) သည် စင်ကာပူနိုင်ငံတွင် စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော Switzerland အခြေစိုက် ပုဂ္ဂလိကကျောင်း တစ်ကျောင်း ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသားများ အတွက် Hospitality & Tourism Management ဘာသာရပ်ကို သီးခြားဖွင့်လှစ်ထားပါသည်။
ကျောင်းသူ ကျောင်းသားများ အနေဖြင့် စင်ကာပူတွင် အရင်တက်ပြီး နောက်ဆုံးနှစ် Final Years ကို Switzerland သို့ တက်ရောက်ရမည် ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသားများ အနေဖြင့့် နှစ်နိင်ငံ အတွေ့အကြုံ ရရှိုပြီး စာတွေ့ သာမက ၊ လက်တွေ့များပါ ရရှိနိုင်မည် ဖြစ်ပါသည်။
စင်ကာပူတွင် ဦးစွာ တက်ရောက်ပြီး ၊ နောက်ဆုံးနှစ် Final Years ကို Switzerland တွင် တက်ရောက် သင်ကြားရသဖြင့် ၊ Switzerland နိုင်ငံ တွင် ဘွဲ့ဒီဂရီတစ်ခုလုံးအတွက် သွားရောက်ပညာသင်ကြားရသည့် ကုန်ကျစရိတ်ထက် များစွာ သက်သာစေပါသည်။ ထိုပြင် ကျောင်းသူ ကျောင်းသားများ အနေနှင့်လည်း အချိန်တိုတိုအတွင်းမှာ ဘွဲ့ရရှိ နိုင်မည် ဖြစ်ပါသည်။
HTMi, Singapore ကျောင်းသည် စင်ကာပူနိုင်ငံ မြို့ လယ်တွင် တည်ရှိပါသည်။ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ၊ IGCSE အောင်မြင်ထားသူများ နှင့် လက်ရှိ တက္ကသိုလ် တက်ရောက်နေသူများ တက်ရောက်နိုင်ပါသည်။
James Cook University Singapore (JCUS)

James Cook University Singapore (JCUSingapore) တက္ကသိုလ်ကြီးသည် စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော သြစတြေးလျ အခြေစိုက် တက္ကသိုလ် တစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံတွင် စီးပွားရေး နှင့် ပတ်သက်ြ့ပီး နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများ အများဆုံး ရွေးချယ်တက်ရောက်သည့် တက္ကသိုလ်ကြီး တစ်ခုလည်း ဖြစ်သည်။ James Cook University သည် Australia အစိုးရ အသိအမှတ်ပြုတက္ကသိုလ် တစ်ခု ဖြစ်ပြီး၊ သုတေသန နယ်ပယ်တွင် အလွန်ကျော်ကြားသော တက္ကသိုလ်ကြီး တစ်ခု ဖြစ်သည်။
JCUSingapore Foundation အောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ အနေဖြင့် Degree တက်နေစဉ် semester တစ်ခုကို စင်ကာပူ ကျောင်းလခဖြင့် Australia Campus သို့ ပြောင်းပြီး တက်ရောက်နိုင်သည့် အတွက် ကျောင်းသူ ကျောင်းသားများ အနေဖြင့် Singapore , Australia နှစ်နိုင်ငံ အတွေ့အကြုံ ရရှိမည် ဖြစ်ပါသည်။ JCUS ကျောင်းသည် စင်ကာပူနိုင်ငံ Sims Drive တွင် တည်ရှိပါသည်။
JCUS တွင် ရွေးချယ်တက်ရောက်နိုင်သည့် ဘာသာရပ်များမှာ
Diploma နှင့် Degree တန်းများအတွက်
• Business
• Information Technology
• Psychology
• Tourism and Management
Master ဘွဲ့များသည် Single Degree ကို တက်ရောက်ရယူနိုင်သလိုကို Joint Degree လည်းတက်ရောက် ရယူနိုင်ပါသည်။
• Master of Information Technology
• Master of Business Administration
• Master of Tourism and Hospitality Management
Kaplan Higher Education Academy (Kaplan)

Kaplan Higher Education Academy (Kaplan) သည် စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော ပုဂ္ဂလိက တက္ကသိုလ်ကြီး တစ်ခု ဖြစ်ပါသည်။ UK, Australia နှင့် Ireland နိုင်ငံများမှ ထိပ်တန်းတက္ကသိုလ်များ၏ ဘွဲ့ဒီဂရီများကို Kaplan Higher Education Academy တွင် ကုန်ကျစရိတ် သက်သာစွာဖြင့် တက်ရောက်နိုင်ပါသည်။ Kaplan Singapore တွင် Foundation တန်း , Diploma တန်း မှ စ၍ ဘွဲ့ Degree, Master Degree များပါကိုတက်ရောက် ရယူနိုင်ပါသည်။
Kaplan Singapore တွင် Pomo Campus နှင့် Wilkie Edge Campus ဆိုပြီး Campus (၂) ခု ရှိပါသည်။ Campus (၂) ခု စလုံးမှာ စင်ကာပူ မြို့ လယ်တွင် တည်ရှိပါသည်။ မိမိတို့တက်ရောက်သည့် ဘာသာရပ် နှင့် အတန်းပေါ် မူတည်ပြီး မိမိတို့ တက်ရောက်ရမည့် Campus ကွာခြားသွားမည် ဖြစ်သည်။
Kaplan Singapore တွင် ဒီပလိုမာ နှင့် ဒီဂရီတန်းများအတွက် ရွေးချယ်တက်ရောက်နိုင်သည့် ဘာသာရပ်များမှာ Business Management, Media and Communications, InfoComm Technology နှင့် Tourism & Hospitality Management တို့ ဖြစ်ပါသည်။
ဘွဲ့လွန် Master အနေဖြင့် Master of Business Administration ကို တက်ရောက်နိုင်ပါသည်။
Kaplan Higher Education Academy (Kaplan) မှာ တက်ရောက်ပြီး အောက်ပါ ထိပ်တန်း တက္ကသိုလ်ကြီးများမှ ဘွဲ့ဒီဂရီကို ရယူနိုင်ပါသည်။
-Northumbria University, UK
-Royal Holloway University, UK
-University of Essex, UK
-University of Portsmouth, UK
-University College Dublin, Ireland
-Murdoch University, Australia
LASALLE College of the Arts (LASALLE)

LASALLE College of the Arts (LASALLE) အနုပညာ ကောလိပ်သည် စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော ကောလိပ်တစ်ခု ဖြစ်သည်။ ထိုပြင် LASALLE ကောလိပ်တွင် ဒီပလိုမာ တက်ရောက်မည့် နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ အနေနှင့် စင်ကာပူ အစိုးရထံမှ ပညာသင်ထောက်ပံ့ကြေး (MOE Tuition Grant) ကို လျှောက်ထား နိင်မည် ဖြစ်သည်။
LASALLE College of the Arts တွင် တက်ရောက်ပြီး UK နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်ကြီး တစ်ခုဖြစ်သည့် Goldsmiths, University of London မှ ချီးမြှင့်သော ဘွဲ့ဒီဂရီကို ရယူ နိုင်မည် ဖြစ်သည်။
LASALLE College of the Arts သည် စင်ကာပူနိုင်ငံ မြို့လယ်တွင် တည်ရှိပြီး ၊ အနုပညာ ဘာသာရပ်များစွာကို ရွေးချယ်တက်ရောက်နိုင်ပါသည်။ LASALLE ကောလိပ်တွင် အောက်ပါ မေဂျာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
-Fine Arts
-Animation
-Broadcast Media
-Design for Communication and Experiences
-Creative Direction for Fashion
-Interior Design
-Audio Production
-Music
-Dance
-Performance
-Theatre Production and Management
Management Development Institute of Singapore (MDIS)

Management Development Institute of Singapore (MDIS) သည် စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော ပုဂ္ဂလိကတက္ကသိုလ်ကြီးဖြစ်သည်။ UK နိုင်ငံများရှိ ထိပ်တန်း တက္ကသိုလ်ကြီးများ၏ ဘွဲ့ဒီဂရီများကို MDIS တွင် ပို့ချ သင်ကြားလျက်ရှိပါသည်။ Management Development Institute of Singapore (MDIS) တွင် မေဂျာများ စုံလင်စွာ ထားရှိပြီး Foundation တန်း မှစ၍ Diploma တန်း ၊ ဘွဲ့ Degree တန်းများ နှင့် ဘွဲ့လွန် Master Degree တန်းများကို သင်ကြားပို့ချလျက်ရှိပါသည်။
မေဂျာစုံလင်လှသော MDIS ကျောင်းကြီးတွင် ကျောင်းဆောင် (Hostel) ကို ပါ ထားရှိထားသော ကြောင့် နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားများ အကြားတွင် ရွေးချယ်မှုများသည့် ကျောင်းသည့် တစ်ခုလည်း ဖြစ်သည်။ ထိုပြင် ကျောင်းသူ ကျောင်းသားများအတွက် သွားလာမှု လွယ်ကူစေရန် ကားဂိတ်နှင့် ကျောင်းကို အသွားအပြန်ပို့ဆောင်ပေးသည့် Busကားများ ကိုလည်း ထားရှိပေးထားပါသည်။
ဒီပလိုမာတန်း နှင့် ဘွဲ့ဒီဂရီတန်းများအတွက် MDIS တွင် ရွေးချယ်တက်ရောက်နိုင်သည့် ဘာသာရပ်များမှာ
-Business Management
-Engineering (Electrical, Mechanical)
-Fashion and Design
-Health and Life Sciences
-Media and Communication
-Psychology
-Technology နှင့်
-Tourism and Hospitality တို့ ဖြစ်ပါသည်။
ဘွဲ့လွန် Master တန်းများအတွက် ကိုမူ
-Master of Business Administration
-Master of Sciences Applied Psychology
-Master of Sciences Molecular Biology
-Master of Sciences Pharmacology and Drug Discovery နှင့်
-Master of Sciences Engineering (Electrical, Mechanical) တို့ကို သင်ကြားပို့ချလျက် ရှိပါသည်။
MDIS မှာ တက်ရောက်ပြီး အောက်ပါ ထိပ်တန်း တက္ကသိုလ်ကြီးများမှ ဘွဲ့ဒီဂရီကို ရယူနိုင်ပါသည်။
-University of Sunderland, UK
-Bangor University, UK
-Coventry University, UK
-Teesside University, UK
Nanyang Institute of Management (NIM)

Nanyang Institute of Management (NIM) စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော ပုဂ္ဂလိကတက္ကသိုလ် တစ်ခု ဖြစ်ပါသည်။ UK နိုင်ငံမှ York ST John University နှင့် University of the West of Scotland မှ ဘွဲ့ဒီဂရီများကို သင်ကြားပို့ချလျက် ရှိပါသည်။ Nangang Institute of Management (NIM) တွင် Foundation , Diploma , Degree , Postgraduate Diploma နှင့် Master Degree တို့ကို တက်ရောက်နိုင်ပါသည်။
ကျောင်းသူ၊ ကျောင်းသားများ သွားရလွယ်ကူစေရန် NIM Campus သည် Singapore မြို့ လယ်ရှိ The Central တွင် တည်ရှိပါသည်။
ဒီပလိုမာ နှင့် ဘွဲ့ဒီဂရီတန်းများ အတွက် Nanyang Institute of Management (NIM) တွင် ရွေးချယ်တက်ရောက်နိုင်သည့် ဘာသာရပ်များမှာ
-Business Management
-Tourism & Hospitality Management
-Construction Engineering နှင့်
– Supply Chain Management တို့ ဖြစ်ပါသည်။
Postgraduate တန်းများအတွက်ကိုမူ
-Tourism and Hospitality Management နှင့်
-Engineering Business Management ဟူ၍ မြန်မာ ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသားမျာ အနေနှင့် မိမိ နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
Master တန်းများအတွက် ကို Master of Business Administration ကို သင်ကြားပို့ချလျက်ရှိပါသည်။
PSB Academy (PSB)

PSB Academy (PSB) စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော အထင်ကရ ပုဂ္ဂလိကတက္ကသိုလ်ကြီး ဖြစ်သည်။ UK နိုင်ငံ နှင့် Australia နိုင်ငံများမှ တက္ကသိုလ်များ ၏ ဘွဲ့ဒီဂရီများကို သင်ကြားပို့ချလျက်ရှိပါသည်။ PSB Academy (PSB) တွင် အခြေခံ Foundation မှစ၍ Diploma ၊ Degree ၊ Postgraduate Diploma နှင့် Master Degree တို့ကို တက်ရောက် ရယူနိုင်ပါသည်။
PSB Academy သည် City Campus နှင့် STEM Campus ဟူ၍ Campus (2) ခု ထားရှိ ပြီး၊ စင်ကာပူ မြို့ လယ်တွင် တည်ရှိပါသည်။ City Campus ကို Business၊ Tourism စအရှိသည့် ဘာသာရပ်များ အတွက် ထားရှိပြီး ၊ STEM Campus ကိုမူ Engineering နှင့် Life Science ဘာသာရပ်အတွက် ထားရှိထားပါသည်။
ဒီပလိုမာတန်း နှင့် ဘွဲ့ဒီဂရီတန်းများအတွက် PSB Academy တွင် ရွေးချယ်တက်ရောက်နိုင်သည့် ဘာသာရပ်များမှာ
-Business Management
-Media and Communications
-InfoComm Technology
-Sports and Exercise Sciences
-Electrical Engineering
-Mechanical Engineering
-Tourism & Hospitality Management
-Biomedical Sciences နှင့်
-Global Supply Chain Management တို့ ဖြစ်ပါသည်။
Postgraduate တန်းအတွက် Global Supply Chain Management ကို တက်ရောက်နိုင်ပါသည်။
ဘွဲ့လွန် Master တန်းများအတွက်ကို
-Master of Cyber Security
-Master of Business Administration
-Master of Science in Engineering Business Management
-Master of Business Administration in Global Business နှင့်
-Master of Science International Business Management တို့ကို ရွေးချယ် တက်ရောက်နိုင်ပါသည်။
PSB Academy မှာ တက်ရောက်ပြီး အောက်ပါ ထိပ်တန်း တက္ကသိုလ်ကြီးများမှ ဘွဲ့ဒီဂရီကို ရယူနိုင်ပါသည်။
-Edith Cowan University, Australia
-La Trobe University, Australia
-University of Wollongong, Australia
-The University of Newcastle, Australia
-Edinburgh Napier University, UK
-Coventry University, UK
Raffles College of Higher Education, Singapore (Raffles Design School)

Raffles College of Higher Education, Singapore စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော အထင်ကရ ဒီဇိုင်း ကျောင်းဖြစ်ပြီး၊ ကျောင်းသူ ကျောင်းသားများ အတွက် ကျောင်းတက်နေစဉ် စာတွေ့ အပြင် လက်တွေ့များပါ စီစဉ်ပေးသော ကြောင့် နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားများ ကြားတွင် ရေပန်းစားလျက်ရှိသော ကျောင်းဖြစ်သည်။
Raffles College of Higher Education, Singapore တွင် တက်ရောက်ပြီး၊ UK ထိပ်တန်း တက္ကသိုလ်ဖြစ်သည့် Coventry မှ ပေးသည့်ဘွဲ့ဒီဂရီကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။
Raffles ကျောင်းတွင် ရွေးချယ်တက်ရောက်နိုင်သည့် ဘာသာရပ်များမှာ
-Animation Design
-Digital Media Design
-Fashion Design
-Interior Design
-Jewelry Design
-Product Design
-Video Games Design နှင့်
-Graphic Design တို့ ဖြစ်ပါသည်။
Singapore Institute of Management (SIM)

Singapore Institute of Management (SIMGE) သည် AsiaOne People’s Choice Awards မှ နှစ်စဉ်ရွေးချယ်သည့် စကာင်္ပူနိုင်ငံရှိ ထိပ်တန်းစာရင်းဝင်အကောင်းဆုံး ပုဂ္ဂလိကတက္ကသိုလ်် ကြီး (၃) ခုစာရင်း တွင်၁၀ နှစ်တိုင်တိုင််ပါဝင်ခဲ့ပြီး၊ အရှေ့တောင်အာရှရှိ ကျောင်းသူ၊ ကျောင်းသားအများဆုံး ယုံကြည်စိတ်ချစွာရွေးချယ်သည့် စင်ကာပူနိုင်ငံ အစိုးရ အသိမှတ်ပြုထားသော ကျောင်း တစ်ကျောင်း ဖြစ်သည်။
နိုင်ငံပေါင်း (၄၀) ကျော်မှ အချိန်ပြည့် နှင့် အချိန်ပိုင်း ကျောင်းသူ ကျောင်းသား ဦးရေစုစုပေါင်း၂၀,၀၀၀ ကျော်ရှိပါသည်။ SIM Campus မှာ Singapore Clementi တည်ရှိပြီး၊ ကျောင်းရှေ့ တွင်ပင် ကားမှတ်တိုင်ရှိသဖြင့် ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် သွားလာရ လွယ်ကူလှပါသည်။
SIMGE တွင် Foundation program, Diploma program မှစ၍ Bachelor, Graduate diploma နှင် ့ Master programs အထိဘာသာရပ်ပေါင်း (၈၀) ကျော်ကိုသင်ကြားပို ့ချပေးလျှက်ရှိပါသည်၊၊
UK ၊ USA နှင့် Australia နို်င်ငံတို့မှ ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်သော
-RMIT University, Australia
-La Trobe University, Australia
-University of Wollongong, Australia
-University of Birmingham, UK
-University of London, UK
-University of Stirling, UK နှင့်
-University at Buffalo, USA တို့၏ Partner Institute ဖြစ်နေခြင်းကလည်း SIM ၏အားသာချက်တစ်ခုဖြစ်ပါသည်။