University in Australia
Australia
Australia Education
ကမ္ဘာ့အဆင့်မှီပညာရေးကို စိတ်ဝင်စားသော နိုင်ငံတကာမှ ကျောင်းသူ ၊ ကျောင်းသားများအတွက် UK ၊ Europe နှင့် USA အထိသွားရောက်ပညာသင်ကြားစရာမလိုဘဲအာရှနိုင်ငံများနှင့်အနီးဆုံးမှာတည်ရှိသော သြစတြေးလျ၏ကမ္ဘာ့အဆင့်မီပညာရေးစနစ်ကိုလက်တွေ့သင်ကြားနိုင်ပါပြီ။
သြစတြေးလျနိုင်ငံတွင် ကမ္ဘာ့အဆင့်မီထိပ်တန်းတက္ကသိုလ်ကြီး ၈ ကျောင်းနှင့် နာမည်ကျော် သြစတြေးလျ ထိပ်တန်းတက္ကသိုလ် ၃၅ ကျောင်းရှိသည့်အတွက် မိမိပညာအရည်အချင်းနှင့်ကိုက်ညီသောတက္ကသိုလ် ၊ သင်ကြားလိုသောဘာသာရပ်နှင့် ဝင်ခွင့်သတ်မှတ်ချက်များပေါ်မူတည်ပြီးလျှောက်ထားနိုင်ပါသည်။
ပညာသင်နှစ် (၁၁) နှစ်သာရှိသော မြန်မာနိုင်ငံမှကျောင်းသူ ၊ ကျောင်းသားများအတွက် အချို့သောနာမည်ကျော် သြစတြေးလျတက္ကသိုလ်များတွင် Pathway program များစီစဉ်ပေးထားပြီးထိုမှတစ်ဆင့် Undergraduate degree ပထမနှစ်ကိုဆက်လက်တက်ရောက်နိုင်ပါသည်။
ဒါ့အပြင် သြစတြေးလျ နာမည်ကြီးတက္ကသိုလ်အချို့က USA ၊ UK တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသည့်အတွက် ပထမနှစ်ဘွဲ့ကြိုသင်တန်းများကိုယင်းနိုင်ငံများတွင် ဆက်လက်တက်ရောက်နိုင်ပါသည်။
ဘွဲ့ကြိုသင်တန်းများအတွက် သင်တန်းကာလကတော့ ဘာသာရပ်ပေါ်မူတည်ပြီး (၃) နှစ်မှ (၄) နှစ်အထိတက်ရောက်ရပြီး Postgraduate degree အတွက်ကမူ (၁)နှစ်ခွဲမှ (၂) နှစ်အထိ ကြာမြင့်ပါသည်။ မြန်မာနိုင်ငံမှကျောင်းသူ ၊ ကျောင်းသားများအနေနှင့် Postgraduate အတွက် ဝင်ခွင့်လိုအပ်ချက်ရှိပါက Graduate Diploma မှတစ်ဆင့် တက်ရောက်နိုင်ပြီးသင်တန်းကာလ(၉) လဝန်းကျင် ကြာမြင့်နိုင်ပါသည်။
သြစတြေးလျ အဆင့်မြင့်ပညာတက္ကသိုလ်များကို မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများကနေ HND Diploma ၊ NCC Advanced Diploma ပြီးဆုံးထားသူများ ၊ GCE O Level နှင့် A Level အောင်မြင်ထားသူများ ၊ ဘွဲ့ရလူငယ်များနှင့် သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိထားသူများလျှောက်ထားနိုင်ပါသည်။
Group of Eight
သြစတြေးလျနိုင်ငံ၏ ကမ္ဘာ့အဆင့်မီပညာရေးကို နိုင်ငံတကာသို့ချပြပေးနေသည့် Group of Eight အဖွဲ့ဝင် တက္ကသိုလ်များရှိပါသည်။ အဆိုပါတက္ကသိုလ်များအားလုံးကို နိုင်ငံတကာကျောင်းသူ ၊ ကျောင်းသားတိုင်းသိပြီးဖြစ်သလို မြန်မာကျောင်းသူကျောင်းသားတွေလည်း ကြားဖူးပြီးဖြစ်မည် ထင်ပါသည်။
• University of Melbourne
• Australian National University
• University of Sydney
• University of Queensland
• Monash University
• University of New South Wales
• University of Western Australia
• University of Adelaide
Climate – ရာသီဥတုအခြေအနေ
သြစတြေးလျနိုင်ငံမှာမတူညီသောရေမြေအနေအထားနှင့် ရာသီဥတုများရှိနေခြင်းကထူးခြားလှပသောအလှတရားတစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့မြေ၏တောင်ဘက်ပိုင်းစက်ဝိုင်းခြမ်းနေရာမှာတည်ရှိသော သြစတြေးလျနိုင်ငံကဒီဇင်ဘာလမှာ နွေရာသီစပြီးဇွန်လမှာတော့ ဆောင်းရာသီစတင်ပါသည်။
နိုင်ငံ၏တောင်ဘက်နေရာတွေမှာသုညဒီဂရီအထိအေးမြပြီးကျန်နေရာအများစုမှာတော့ 20 ° C အထိအပူချိန်ရှိပါသည်။ Australian Capital Territory နေရာတွေကတော့ နွေရာသီမှာအလွန်ပူပြီးဆောင်းရာသီမှာဆီးနှင်းကျတဲ့အထိအေးပါသည်။ ထို့ကြောင့် မိမိတက်ရောက်မည့် ကျောင်းတည်နေရာကို ကြိုတင်သိရှိထားခြင်းကကျောင်းသူ၊ ကျောင်းသားများအတွက် အသင့်တော်ဆုံးတက္ကသိုလ်ကိုရွေးချယ်နိုင်မှာဖြစ်ပါသည်။
တက္ကသိုလ်အများစုရှိသောဆစ်ဒနီမြို့ကတော့ ရာသီဥတုသာယာလှပသော နေချင်စဖွယ်အကောင်းဆုံးမြို့ပြီးဆောင်းရာသီဆိုရင် 8°C လောက်ထိအေးပါသည်။ အလားတူ Queensland ဆိုလျှင်လည်းဆစ်ဒနီနှင့်ရာသီဥတုကွာခြားမှု သိသိသာသာမရှိပါ။
သို့ရာတွင် သြစတြေးလျတောင်ပိုင်းဒေသများကတော့ အအေးဒဏ်ပိုရှိပါသည်။ အဆိုပါဒေသများ၌နွေရာသီတွင် 17 °C ကနေ 30 °C အထိရှိပြီးဆောင်းရာသီမှာ 6 °C လောက်ထိကျဆင်းသွားတတ်ပါသည်။အလားတူ Victoria ၊ Tasmania ဆိုလည်းထိုရာသီဥတုနှင့် အပူချိန်သိသိသာသာကွာခြားမှုမရှိပါဘူး။
Living Style & Living Expenses
Living Style – နေထိုင်မှုပုံစံများ
သြစတြေးလျလူမျိုးအများစုကရင်းနှီးဖော်ရွေတတ်ပြီးကူညီရိုင်းပင်းစိတ်ရှိကြပါသည်။ ပျော်ပျော်နေထိုင်တတ်သောလူမျိုးဖြစ်သောကြောင့် အကူအညီလိုအပ်သည့်အချိန်တွင်ဖြစ်စေ ၊ ကျောင်းမှာအချင်းချင်းပေါင်းသင်းဆက်ဆံရာတွင်ဖြစ်စေအာရှနိုင်ငံသားများနှင့် သိသိသာသာကွာခြားမှု မရှိသည့်အတွက် မြန်မာကျောင်းသူ ၊ ကျောင်းသားများနှင့်လိုက်လျောညီထွေမှုရှိနိုင်မည့် နေထိုင်မှုပုံစံဖြစ်မည်ဟုယုံကြည်ပါသည်။
အားကစားချစ်သူများအတွက် သြစတြေးလျနိုင်ငံကခရစ်ကတ် ၊ ဘောလုံးမည်သည့်အားကစားကိုမဆိုနှစ်သက်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရာသီဥတုသာယာခြင်းနှင့် ရေမြေအနေအထားကောင်းမွန်မှုကြောင့် အားကစားကိုအထူးအားပေးလျက်လည်းရှိပါသည်။
Living Expense – ကုန်ကျစရိတ်
ဖော်ပြပါကုန်ကျစရိတ်များကသြစတြေးလျနိုင်ငံတွင် ပညာသင်ကြားမည့်ကျောင်းသူ ၊ ကျောင်းသားတိုင်းသိထားသည့် ခန့်မှန်းခြေကျောင်းလခကုန်ကျစရိတ်များဖြစ်ပါသည်။ ဘာသာရပ်ပေါ်မူတည်ပြီးအချို့ကျောင်းလခများသည် ယခုထက် ပိုမိုများပြားနိုင်ပါသည်။
School – $ 7,800 – $ 30,000
English Language Studies – Around $ 300 per week (သင်တန်းကာလပေါ်မူတည်)
Vocational Education and Training (VET) – $ 4,000 to $ 22,000 (Diploma and Advanced Diploma)
Bachelor Degree – $ 15,000 to $ 33,000
Master Degree – $ 20,000 to $ 37,000
Doctoral Degree – $ 14,000 to $ 37,000
ကျောင်းသူ ၊ ကျောင်းသားများ၏ကျောင်းလျှောက်လွှာများ ၊ ကျောင်းသားဗီဇာကိစ္စများ ၊ ပညာသင်ဆုလျှောက်ထားမှုများကိုအသေးစိတ်ထပ်မံသိရှိလိုပါက STUDY ABROAD Information Centre သို့ ကိုယ်တိုင်ကိုယ်ကျ အခမဲ့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
Universities & Education Group in Australia
Trinity College, University of Melbourne

သြစတြေးလျနိုင်ငံ၏ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးတက္ကသိုလ် University of Melbourne မှာ တက်ရောက်ခွင့်ရဖို့ အကောင်အထည်ဖော်ပေးနေသော Trinity College က Foundation program တက်ရောက်ပြီး University of Melbourne တွင် Undergraduate ပထမနှစ်သင်တန်းကိုဆက်လက်သင်ကြားနိုင်ပါသည်။ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်သောကြောင့် ဝင်ခွင့်လိုအပ်ချက်မပြည့်မီမှာ စိတ်ပူစရာမလိုဘဲ Foundation သင်တန်းတွင် ထူးချွန်စွာ အောင်မြင်သွားရန်ကြိုးစားရုံနှင့် တက္ကသိုလ်ပထမနှစ်ကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါသည်။
University of Melbourne ကို ၁၈၅၃ ခုနှစ်တွင် တည်ထောင်ခဲ့သည် သြစတြေးလျနိုင်ငံ၏ တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ နှစ်စဉ်နိုင်ငံတကာ ကျောင်းသူ ၊ ကျောင်းသား ၁၂,၀၀၀ ကျော် လာရောက်ပညာသင်ကြားကြပြီး ဆေးပညာ ၊ Physiology ဘာသာရပ်များတွင် အထူးကျော်ကြားပါသည်။
ကမ္ဘာကျော်နိုဘယ်ဆုရှင်များဖြစ်သည့် Peter Doherty ကိုယ်တိုင်သင်ကြားပေးသော နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်ပြီး သုတေသနနှင့်ပက်သက်၍လည်း အထူးနာမည်ကျော်ကြားပါသည်။
Trinity College ဆိုတာ University of Melbourne campus အတွင်းမှာဖွင့်လှစ်ထားသော University preparation program များ သင်ကြားပေးသည့်ကောလိပ်ဖြစ်ပြီး Trinity မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအနေနှင့် ပညာသင်ဆုအခွင့်အလမ်းများလည်း ရရှိနိုင်ပါသည်။
ဒါ့အပြင် Trinity College ၏အားသာချက်တစ်ခုကတော့ E-learning ဖြင့်ပထမဆုံးစသင်ခဲ့သောကောလိပ်ဖြစ်ပြီး သင်ကြားရေးပိုင်းနှင့် စာသင်ခန်းတွင်းမှာ iPad ကိုအသုံးပြုသင်ကြားပါသည်။ ဆရာနှင့်ကျောင်းသား အပြန်အလှန်ပြောဆိုမှု ၊ သင်ကြားရေးအသံဖိုင်များနှင့် Reference များကို အလွယ်တကူရှာဖွေနိုင်သောကြောင့် နိုင်ငံတကာကျောင်းသူ ၊ ကျောင်းသားများအတွက် အတွေ့အကြုံသစ်များလည်း ရရှိနိုင်ပါသည်။
Foundation ပြီးဆုံးခဲ့သောကျောင်းသူ ၊ ကျောင်းသားများအနေနှင့် University of Melbourne တင်မကဘဲ University of Oxford (UK) ၊ Massachusetts Institute of Technology (USA) နှင့်အခြားထိပ်တန်းတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို တက်ရောက်ခွင့်ရမှာဖြစ်ပါသည်။
အလားတူ သြစတြေးလျနိုင်ငံမှ Australian National University ၊ University of Queensland ၊ University of Sydney ၊ Monash University ၊ University of New South Wales ၊ University of Western Australia နှင့် University of Adelaide တို့တွင်လည်း လျှောက်ထားနိုင်ပါသည်။
Trinity College မှ Foundation program ကို မြန်မာနိုင်ငံမှတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဘာသာရပ်အားလုံး၏ ပျမ်းမျှ ၇၀ % ရရှိခဲ့သူများ လျှောက်ထားနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကားဝင်ခွင့်သတ်မှတ်အနေနှင့် IELTS 5.5 သတ်မှတ်ထားပြီး တက်ရောက်မည့် Program ပေါ်မူတည်၍ IELTS 6.0 အထိလိုအပ်ပါသည်။
Study Group Australia
နိုင်ငံတကာမှ တက္ကသိုလ်များ ၊ ကောလိပ်များကို ပညာဆည်းပူးနိူင်ရန် လိုအပ်သည့် အရည်အချင်းများကို ဖြည့်စည်းပေးသည့် Study Group (International Study Centre) ပညာရေးအဖွဲ့အစည်းသည် UK, US , Australia, New Zealand, Canada နိုင်ငံများရှိ တက်ရောက်နိုင်မည့် ကျောင်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါသည်။ Study Group Australia တွင် အောက်ပါ တက္ကသိုလ် လမ်းကြောင်းများကို တက်ရောက်နိုင်ပါသည်။
The Australian National University

The Australian National University သည် သြစတေးလျ နိုင်ငံတွင် အကောင်းဆုံးဖြစ်သည် တက္ကသိုလ် (၈ခု) ဖြင့်ဖွဲ့စည်းထား သည့် Group of Eight တက္ကသိုလ် အဖွဲ့ဝင် တစ်ခုဖြစ်သည်သာမက ကမ္ဘာ့ထိပ်တန်း (၅၀) စာရင်းဝင်တက္ကသိုလ်ကြီးလည်းဖြစ်သည်။ The Australian National University ကို သြစတေးလျ နိုင်ငံ၏မြို့တော် Canberra မြို့တွင် ၁၉၄၆ ခုနှစ်တွင် တည်ထောင်ခဲ့သည့် သြစတေးလျ အစိုးရ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါသည်။
နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ The Australian National University သို့ဝင်ခွင့် ရရန် ANU University ၏ Foundation Program များမှ တဆင့် တက်ရောက်နိုင်ပါသည်။ ANU University ၏ Foundation Program များကို (၁၀) တန်း၊ IGCSE ၊ American High School Diploma အောင်မြင်ထားသူများ၊ IELTS (5.5) ရရှိထားပါက တက်ရောက် နိုင်မည်ဖြစ်သည်။ The Australian National University တွင် Engineering & Computer Science, Business & Commerce, Arts, Society and Culture, Law, Environmental Science, Health & Medical စတဲ့ဘာသာရပ်တွေကိုရွေးချယ်တက်ရောက်နိုင်ပါသည်။ Foundation program တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ ၊ ကျောင်းသားများအနေဖြင့် သီးသန့်ပညာသင်ဆု အစီအစဉ်များလည်း လျှောက်ထားနိုင်ပါသည်။
University of Sydney

University of Sydney တက္ကသိုလ်ကြီးသည် သြစတြေးလျနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်တည်ထောင်ခဲ့သော နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိ အဆင့်၃ သတ်မှတ်ချက်ရရှိသော တက္ကသိုလ်ကြီး ဖြစ်ပြီး အလုပ်အကိုင်ရရှိမှုနှုန်း မှာလဲ Australia တွင် အဆင့် (၁) ရရှိပြီး တစ်ကမ္ဘာလုံး အဆင့်သတ်မှတ်ချက်တွင် အဆင့် (၅) နေရာရရှိထားပါသည်။ University of Sydney သည် Australia တွင် ဦးဆောင်နေသော ထိပ်တန်းRanking မြင့်တက္ကသိုလ်ကြီးများ မဟာမိတ်အဖြစ် ဖွဲ့စည်း ထားသော Group of Eight အဖွဲ့အစည်းထဲတွင်ပါဝင်ပါသည်။
University of Sydney တွင် Bachelor degree တက်ရောက်လိုသော နိုင်ငံတကာကျောင်းသူ ၊ ကျောင်းသားများအတွက် University Preparation Program ကိုဖွင့်လှစ်ထားပါသည်။ အဆိုပါ Foundation Program အောင်မြင်ထားသူများ အနေနှင့် The University of Sydney၏ Bachelor Degree ကို First Year မှဆက်လက်သင်ကြားနိုင်မည်ဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းတက္ကသိုလ်သင်ရိုးညွှန်းတမ်း (၂၀) မှာ University of Sydney ရဲ့ သင်ရိုးညွှန်းတမ်း (၉) ခုပါဝင်ပါသည်။ University of Sydney တွင် နိုင်ငံပေါင်း ၁၃၀ မှ လာရောက်ပညာသင်ကြားနေသည့် ကျောင်းသားပေါင်း ၆၀,၀၀၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၆၄၀၀ ကျော်ရှိသည့်အပြင် ဘွဲ့ရကျောင်းသားကျောင်းသူပေါင်း ၃၀၀,၀၀၀ ကျော်မှာလည်း နိုင်ငံပေါင်း ၁၇၀ မှလာရောက်ကြတာဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးအနေနှင့် အာရှပစိဖိတ်ဒေသနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ဝင်စားမှုခံနေရသော တက္ကသိုလ်တစ်ခု လည်းဖြစ်ပါသည်။
University of Western Australia

University of Western Australia (UWA) ကို 1911 ခုနှစ် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က တည်ထောင်ခဲ့ပြီး သြစတြေးလျရှိ Group of Eight အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်တက္ကသိုလ် တစ်ခုဖြစ်ပါသည်။University of Western Australia (UWA) သည် Good University Guide 2018 အရ ဘွဲ့ရ ပြီး လစာရရှိမှုနှုန်းသည် Australia တွင် 5 Star ရထားသည့် တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။
UWA တွင် Architecture ၊ Arts ၊ Business ၊ Education ၊ Engineering ၊ Computing ၊ Mathematics ၊ Law ၊ Science ၊ Medicine နှင့် Heath Sciences စသည့်ဘာသာရပ်များ ကို UWA Foundation Studies မှတစ်ဆင့်တက်ရောက်ပြီး မိမိတို့နှင့်ကိုက်ညီသော ဘွဲ့ကြို နှင့် ဘွဲ့လွန် တန်း များ တွင် တက်ရောက်နိုင်ပါသည်။
ကျောင်းသားများသည်ကျောင်းပြီး ဘွဲ့ရပါက 2 နှစ်နေထိုင်ခွင့် ဗီဇာ ရရှိကြပါသည်။ UWA သည် Perth မြို့တွင်တည်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ပေါများပြီး ကုန်ကျစရိတ်အလွန်သက်သာသောကြောင့် နိုင်ငံတကာမှ ကျောင်းသာများလာရောက်ပညာသင်ကြားဖို့ရွေးချယ်ကြပါသည်။
Charles Sturt University

Charles Sturt University သည် Public University တစ်ခုဖြစ်ပြီး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြား ပေးနေသည့် အပြင် ဘွဲ့ရရှိပြီးသူများအား အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်စွာ ရရှိနိုင်ရန်အတွက် လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာပါဝင်သော ဘာသာ ရပ်များကိုလည်း သင်ကြားပို့ချလျက်ရှိပါသည်။ Charles Sturt University ၏ Study Center များသည် သြစတြေးလျနိုင်ငံတစ်ဝန်းလုံးရှိ မြို့ပေါင်းမြောက်များစွာတို့တွင် တည်ရှိသည်။
CSU study centres များတွင် သင်ယူနိုင်သော undergraduate programs များအနေဖြင့် Business နှင့် သက်ဆိုင်သောဘာသာရပ်များ၊ IT ဘာသာရပ်များတက်ရောက်နိုင်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအနေဖြင့် အနည်းဆုံး IELTS overall 6.0 နှင့် Band တစ်ခုချင်းဆီတွင် 5.5 ရရှိထားရန်လိုအပ်ပါသည်။Master degree တက်ရောက်ချင်သူများအနေဖြင့် အနည်းဆုံး အသိအမှတ်ပြု တက္ကသိုလ်တစ်ခုမှ Bachelor degree ဘွဲ့တစ်ခုခုကို ရရှိထားရပါမည်။ပညာအရည်အချင်းပေါ်မူတည်၍ အချိန်ကာလ တစ်နှစ် မှ နှစ်နှစ် အထိ ကြာမြင့်နိုင်ပါသည်။
Charles Sturt University ၏ Degree များ ကို Australia အစိုးရ နှင့် စက်မှုလက်မှုလုပ်ငန်းများက တရားဝင် အသိ အမှတ် ပြုထားပါသည်။ Charles Sturt University သည် ထိုအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ထားသည့်အတွက် ဘွဲ့ရပြီး သူများသည် လုပ်ငန်းခွင်သို့ဝင်ရောက်ရန် အဆင်ပြေလွယ်ကူနိုင်ပါသည်။
Flinders University

Flinders university သည် South Australia ၏ Adelaide မြို့တွင် တည်ရှိပြီး Adelaide မြို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန် အသင့်တော်ဆုံးမြို့များအနက် အဆင့်၅ နေရာတွင်ရှိပြီး ကမ္ဘာ့အလုံခြုံဆုံး နှင့် သွားရောက်လေ့လာရန် အသင့်တော်ဆုံးမြို့ ၁ဝမြို့တွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း (သို့) GCE “O” level ပြီးဆုံးထားသော ကျောင်းသားများ အနေဖြင့် Flinders university Foundation Program မှစ၍ တက်ရောက်သင်ကြားနိုင်သည်။ Flinders university တွင် ကျောင်းသူ ၊ ကျောင်းသားများအနေဖြင့် Arts, Business, Commerce & Management, Computing & Mathematics ,Creative Arts & Media, Culture & Communication, Engineering & Design, Government & International Relations, Education, Health, Law & Criminology, Medicine, Nursing & Midwifery ,Psychology , Science & environment အစရှိသည့် ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
Navitas Australia
Navitas သည် ၁၉၉၄ ခုနှစ်မှစတင်၍ တက္ကသိုလ်များနှင့် လက်တွဲပြီး ကမ္ဘာအဆင့်မြင့်ပညာရေးတွင်ထိပ်ဆုံးမှ ဦးဆောင်ထားပါပြီး၊ နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နိုင်ရန် Australia, New Zealand, United States, Canada, United Kingdom, The Netherlands, United Arab Emirates, Singapore and Sri Lanka အစရှိသည့် နိုင်ငံများမှ ထိပ်တန်း တက္ကသိုလ်များ ပါရှိပြီး အဆိုပါ တက္ကသိုလ်များ၊ ကောလိပ်များတွင် ပညာသင်ရန် လိုအပ်သည့်အရည်အချင်းများကို ဖြည့်ဆည်းပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။ Navitas Australia သည် လက်ရှိ သြစတြေးလျ တက္ကသိုလ်ကြီး (၁၄) ခု နှင့် ချိတ်ဆက်ထားပါသည်။
Curtin University (Western Australia)

Curtin Universityသည် Perth မြို့တွင်ရှိပြီး Australia အစိုးရတက္ကသိုလ်ဖြစ်ပြီးAustralia အနောက်ပိုင်းတွင် ရှိသည့် တက္ကသိုလ်များတွင်အကြီးဆုံးဖြစ်ပါသည်။ Business, Information Technology, Engineering, Nursing, Health Science, Arts, Design, Architecture, Hotel Management & Social Work စသောဘာသာများကို သင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများနှင့် GCE O level အောင်မြင်ထားသူများသည် Curtin University Pathway Program များကို Curtin College မှတစ်ဆင့် တက်ရောက်နိုင်ပါသည်။ Curtin University Foundation program ကိုအောင်မြင်ပါက တက္ကသိုလ်တွင် ပထမနှစ်ကို စတင်တက်ရောက်နိုင်ပါသည်။ GCE “A” Level အောင်မြင်ထားသူများသည် Diploma program ကိုလျှောက်ထားနိုင်ပြီး Diploma အောင်ပါက တက္ကသိုလ် ဒုတိယနှစ်ကို တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်သည်။
Deakin University (Victoria, Australia)

Deakin University သည် ကမ္ဘာ့ထိပ်တန်းအဆင့်တက္ကသိုလ် (၂%) တွင်ပါဝင်သည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး Campus (4) ခုရှိပြီး Melbourne, Geelong နှင့် Warrnambool မြို့များတွင်တည်ရှိပါသည်။ Business, IT, Engineering, Science, Arts, Education, law, environment စသည့်ဘာသာရပ်များကို Deakin University Foundation နှင့် Diploma program များကို Deakin College မှတစ်ဆင့်သင်ကြားနိုင်ပါသည်။ Foundation ပြီးပါက တက္ကသိုလ်တွင် ပထမနှစ်မှ စတင်တက်ရောက်နိုင်ပါသည်။ Diploma program ကို အောင်မြင်ပါက တက္ကသိုလ်တွင် ဒုတိယနှစ်မှ ဆက်လက်သင်ကြားနိုင်မည်ဖြစ်သည်။ Deakin University တွင်မြန်မာနိုင်ငံမှ တက္ကသိုလ်ဘွဲ့ရရှိထားသူများ၊ ဂုဏ်ထူးတန်း သို့မဟုတ် ဘွဲ့လွန်တက်ရောက်နေသူများအနေဖြင့်လည်း Graduate Diploma, Master Degree program များလည်း လျှောက်ထားနိုင်ပါသည်။
Edith Cowan University (Western Australia)

Western Australia တွင်ဖွင့်လှစ်ထားသည့် Edith Cowan University သည် Curtin University ပြီးလျှင် ဒုတိယအကြီးဆုံး Campus ဖြစ်ပါသည်။Business & Law, Engineering & Technology, Arts & Humanities, Medical & Health Sciences, Nursing, Science, Education အစရှိသည့် ဘာသာရပ်များစွာကို သင်ကြားပေးနေပါသည်။ Foundation, Diploma Pathway များအတွက် Edith Cowan University ၏ Pathway Edith Cowan College မှ တဆင့် တက်ရောက်နိုင်ပါသည်။ Edith Cowan College တွင် Diploma တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းလခ၏ (၁၀) ရာခိုင်နှုန်းအား Scholarship ပေးအပ်ပါနေပါသည်။
University of Adelaide (South Australia)

University of Adelaide သည် Australia အစိုးရတက္ကသိုလ်ဖြစ်ပြီး Times Higher Education 2018 တွင် Australia ထိပ်တန်းတက္ကသိုလ်များတွင် နံပါတ် (၈) နေရာရရှိထားပါသည်။ University of Adelaide pathway program များကို University of Adelaide ၏ Partner Collegeဖြစ်သည့် Eynesbury College တွင်သင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများ၊ GCE O level ပြီးထားသူများ အနေဖြင့် Foundation Studies program မှစတင်တက်ရောက်နိုင်ပါသည်။ Foundation Studies program ပြီးဆုံးသွားသူများသည် University of Adelaide တွင် ပထမနှစ်မှစတင်တက်ရောက်နိုင်ပါသည်။University of Adelaide တွင် Engineering, Technology, Sciences, Health and Medical Sciences, Arts, Business စသည့်ဘာသာရပ်များကို သင်ကြားပေးနေပါသည်။
Griffith University (Queensland, Australia)

Griffith University သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ၏ Top 3 % Ranking ရရှိထားသည့် တက္ကသိုလ်ဖြစ်ပြီး Queensland ပြည်နယ်တွင် ရှိ၍ သြစတြေးလျနိုင်ငံ၏ ဂုဏ်သတင်းကြီးမားသည့် ထိပ်တန်းသုတေသနဆိုင်ရာ တက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ Queensland ပြည်နယ်ရှိ Gold Coast, Logan, Mt. Gravatt, Nathan, South Bank စသည့်တို့တွင် campus ပေါင်း 5 ခုဖြင့်ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။ သတ်မှတ်ထားသည့် ဝင်ခွင့် မပြည့်မီပါက Griffith College တွင် Griffith University Foundation pathway program များမှစတင်တက်ရောက်နိုင်ပြီး တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်မည် ဖြစ်သည်။ Griffith University တွင် Business and government, Criminology and law, Architecture, Construction and Planning, Education, Engineering and IT, Medicine, Dentistry and Health, Science and Environment, Humanities, languages and Social Science, Music and performing arts, Visual and creative arts စသည့် ဘာသာရပ်များစွာကို သင်ကြားပေးလျှက်ရှိပါသည်။
James Cook University (Queensland, Australia)

JCU သည် Australia နိုင်ငံ Queensland နယ်မြေရှိ Townsvilleမြို့တွင် Townsville Campus ကို ၁၉ရဝခုနှစ်တွင်လည်းကောင်း၊ Cairns မြို့တွင် Cairns Campus ကို ၁၉၈၆ခုနှစ်တွင်လည်းကောင်း၊ Singapore Campus ကို ၂၀၀၃ခုနှစ်တွင်လည်းကောင်း နိုင်ငံ နှစ်နိုင်ငံတွင် Campus စုစုပေါင်း ၃ခုကို အသီးသီး ဖွင့်လှစ်ထားပါသည်။ Accounting, Business, Education, Information Technology, Tourism & Hospitality, Nursing, Science အစရှိသည့် ဘာသာရပ်များကိုသင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ GCE O level အောင်မြင်ထားသူများအနေဖြင့် James Cook University Pre-University Foundation Program မှတစ်ဆင့် တက်ရောက်နိုင်ပါသည်။
La Trobe University (Victoria, Australia)

La Trobe University သည် ကမ္ဘာ့ထိပ်တန်း (၅၀)တွင်ပါဝင်ပြီး Australia နိုင်ငံ Melbourne မြို့တွင်တည်ရှိသော သုတေသနအထူးပြုတက္ကသိုလ်ကြီး ဖြစ်ပါသည်။ La Trobe University တွင် Undergraduate မှ Doctorate အထိ ဘာသာရပ်များစွာကို ရွေးချယ်တက်ရောက်နိုင်ပါသည်။ Business, IT & Humanities, Engineering & Computer Science, Health and Life Sciences, Economics and Law, Psychology စသည့်ဘာသာရပ်များစွာကို သင်ကြားပေးလျှက်ရှိပါသည်။မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများ၊ GCE O level အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် La Trobe College Australia တွင် Foundation Program ကိုတက်ရောက်ပြီး အောင်မြင်ပါက La Trobe University တက္ကသိုလ်တွင် ပထမနှစ်ကို စတင်တက်ရောက်နိုင်ပါသည်။
La Trobe University Sydney Campus (New South wales, Australia)

La Trobe University Sydney Campus သည် ၂၀၀၇ ခုနှစ်ကစတင်ဖွင့်လှစ်ထားပါသည်။ La Trobe University Sydney Campus တွင် Foundation Studies Pathway, Diploma နှင့် Accounting, International Business, Information Technology, Professional Accounting စသည့် ဘာသာရပ်များကို Bachelor Degree ရယူနိုင်ပြီး Project Management, International Business ဘာသာရပ်များကို Master Degree များအဖြစ်ရယူနိုင်ပါသည်။
University of Newcastle (New South Wales, Australia)

University of Newcastle သည် Global University တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်အဆင့်တွင် အပြောင်းအလဲမရှိ 1% ကမ္ဘာအဆင့်မှီ တက္ကသိုလ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါသည်။ Faculty of Business and Law, Faculty of Education and Arts, Faculty of Engineering and Built Environment, Faculty of Health, Faculty of Science and Information Technology စသဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက်ခွဲခြားထားပါသည်။ Newcastle international College တွင် University of Newcastle Foundation Program များကိုတက်ရောက်ပြီး တက္ကသိုလ် ပထမနှစ်မှ စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
University of South Australia (South Australia, Australia)

University of South Australia သည် Australia ထိပ်တန်းတက္ကသိုလ်များတွင် အဆင့် 1% ထဲတွင်ပါဝင်ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် Young University ranking စာရင်းတွင်လည်း အဆင့် ၂၆ ထဲတွင်ပါဝင်သည့် တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ Arts, Business, Engineering, Health Science, Information Technology စသည့် ဘာသာရပ်များကို သင်ကြားပေးနေပါသည်။ University of South Australia’s City East Campus တွင်တည်ရှိသည့် South Australia Institute of Business and Technology တွင် University of South Australia Foundation Programများတက်ရောက်ပြီး တက္ကသိုလ်ပထမနှစ်သို့ ဆက်လက်တက်ရောက်နိုင်ပါသည်။
University of Canberra (Australia Capital Territory, Australia)

University of Canberra သည် Australia နိုင်ငံမြို့တော် Canberra မြို့တွင်တည်ရှိပါသည်။ University of Canberra သည် Times Higher Education 2020 အရ Australia နိုင်ငံထိပ်တန်းတက္ကသိုလ်များ (၁၀) ခုထဲတွင် ပါဝင်ပါသည်။Faculty of Business, Government and Law, Faculty of Arts and Design, Faculty of Health, Faculty of Education, Faculty of Science and Technology စသဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက်ခွဲခြားထားပြီး Undergraduate Degree နှင့် Post Graduate Degree များကို သင်ကြားပေးနေပါသည်။
Western Sydney University (New South Wales, Australia)

Australia နိုင်ငံ၏ Sydney မြို့တွင်တည်ရှိပြီး ကမ္ဘာ့တက္ကသိုလ်အဆင့်ရပ်တည်မှု အနေဖြင့် Top 2 % ထဲတွင်ပါဝင်သည့် တက္ကသိုလ်ဖြစ်ပါသည်။ Business, Engineering, Health Science, Information and Communications Technology စသည့် ဘာသာရပ်များကို သင်ကြားနေပါသည်။ Western Sydney University တွင် Undergraduate နှင့် Postgraduate တန်းများတက်ရောက်နိုင်ပြီး မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများ၊ GCE O level ပြီးထားသူများ အနေဖြင့် Foundation program မှစတင်တက်ရောက်နိုင်ပါသည်။ Foundation အောင်မြင်ထားသူများအနေဖြင့် တက္ကသိုလ် ပထမနှစ်မှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။
Western Sydney University City Campus (New South Wales, Australia)

Australia နိုင်ငံ Sydney မြို့တွင်တည်ရှိပြီး သွားလာနေထိုင်ရေးအတွက် လွယ်ကူပြီး နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ ကြိုက်နှစ်သက်ကျသည့် Campus ထဲတွင်ပါဝင်ပါသည်။ ဘာသာရပ်များအနေဖြင့် Accounting, Business, Communication, Engineering, Engineering Science, Health Science, Information and Communication Technology, Information System, Social Sciences ဘာသာရပ်များကိုသင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများ၊ GCE O level ပြီးထားသူများ အနေဖြင့် Foundation program မှစတင်တက်ရောက်နိုင်ပါသည်။ Foundation အောင်မြင်ထားသူများအနေဖြင့် တက္ကသိုလ် ပထမနှစ်မှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။
Up Education, Australia
Up Education သည် New Zealand, Australia အစရှိသည့်နိုင်ငံတွေမှာပညာသင်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် New Zealand, Australia ထိပ်တန်း တက္ကသိုလ်များ ပါရှိပြီး တက္ကသိုလ်များ၊ ကောလိပ်များတွင် ပညာသင်ရန် လိုအပ်သည့်အရည်အချင်းများကို ဖြည့်ဆည်းပေးသည့် ပညာရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။ Up Education တွင် အောက်ပါ တက္ကသိုလ်ကြီးများ တွင် တက်ရောက်ရန် Foundation နှင့် Diploma တန်းများ သင်ကြားပို့ချလျက် ရှိပါသည်။
Charles Darwin University (CDU)

Charles Darwin University သည်Australia ၏မြောက်ပိုင်း Darwin မြို့မှာတည်ရှိပြီး Regionတွေထဲမှာ အကြီးဆုံးဆိပ်ကမ်းမြို့လည်းဖြစ်ပါသည်။Charles Darwin University တွင် Business, Accounting, Arts, Computer Science, Engineering, Education, Health Science, law, Nursing, Information Technology, Social work ဘာသာရပ်များစွာကို သင်ကြားပေးလျှက်ရှိပါသည်။ Charles Darwin University တွင် Bachelor Degrees, Graduate Diplomas, Master Degrees ထိ သင်ယူနိူင်ပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် foundation studies programများမှတစ်ဆင့် တက်ရောက်နိုင်ပါသည်။Foundation studies program ပြီးပါက Charles Darwin University ၏ ပထမနှစ်မှ ဆက်လက်တက်ရောက်နိုင်ပါသည်။ CDU ကကျောင်းပြီးသွားတဲ့ ဘွဲ့ရ ကျောင်းသားများသည် အလုပ်အကိုင် အခွင့်လမ်းဒုတိယအများဆုံးရရှိပြီး လုပ်ခလစာ အမြင့်ဆုံး ရရှိကြပါသည်။
University of Tasmania

University of Tasmania သည် သြစတြေးလျနိုင်ငံရဲ့ Tasmania ပြည်နယ် မှာ တည်ရှိပြီး သာယာလှပသော ကျွန်းပေါ်မှာ တည်ရှိပါတယ်။ သြစတြေးလျနိုင်ငံရဲ့ စတုတ္တမြောက်သက်တမ်းအကြီးဆုံး ကျောင်းတစ်ကျောင်းလည်း ဖြစ် ပါတယ်။ University of Tasmania တွင် Art, Business, Science , Health Sciences, Medicine, Nursing, Computing and IT, Design, Engineering ဘာသာရပ်များစွာကို သင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် foundation programများမှတစ်ဆင့် တက်ရောက်နိုင်ပါသည်။ foundation ပြီးဆုံးပါက သက်ဆိုင်ရာ Undergraduate degree ကို ဆက်လက်တက်ရောက်နိုင်ပါသည်။
Swinburne University of Technology

Swinburne University of Technology သည် Australia Public Research တက္ကသိုလ်ဖြစ်ပြီး Melbourne မြို့တွင်တည်ရှိပါသည်။ Swinburne University of Technology တွင် Foundation, Diploma, Bachelor, Graduate Diploma, Pre-Master, Master Degree တန်းများ တက်ရောက်နိုင်ပါသည်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းပညာရေးလေ့ကျင့်ရေး Vocational Education Training (VET) ကို လေ့ကျင့် သင်ကြားပေးသော နာမည်ကြီး နိုင်ငံတကာ ထိပ်တန်း တက္ကသိုလ်တခု ဖြစ်ပါသည်။ Arts and Humanities, Aviation, Built environment and Architecture, Business, Design, Education, Engineering, Flim and Television, Games and Animation, Health, Information Technology, Law, Media and Communication, Nursing, Psychology, Science စသည့်ဘာသာရပ်များစွာကို သင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် foundation programများမှတစ်ဆင့် တက်ရောက်နိုင်ပါသည်။ foundation ပြီးဆုံးပါက သက်ဆိုင်ရာ Undergraduate degree ကို ဆက်လက်တက်ရောက်နိုင်ပါသည်။