တက္ကသိုလ်ဝင်တန်း ပညာရေး အလွန်။
မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ အနေနှင့် Australia, Canada, Holland, New Zealand, Singapore, Switzerland, United Kingdom နှင့် United States of America စသည့် နိုင်ငံပေါင်း (၈) နိုင်ငံလုံးတွင် စတင် တက်ရောက်နိုင်မည် ဖြစ်သည်။ မိမိ ရွေးချယ်ရာ ဘာသာရပ်နှင့် နိုင်ငံပေါ်မူတည်ပြီး ကြာမြင့်ချိန် နှင့် ကုန်ကျစရိတ်တို့မှာ ကွာခြားမှုရှိမည် ဖြစ်သည်။ (ပညာရေးတိုင်ပင်ခံနှင့် ဆွေးနွေးရန်)
iGCSE အောင်မြင်ထားသူများအတွက် ပညာရေး လမ်းကြောင်းများ။
iGCSE အောင်မြင်ထားသူများ အနေနှင့် Australia, Canada, Holland, New Zealand, Singapore, Switzerland, United Kingdom နှင့် United States of America စသည့် နိုင်ငံပေါင်း (၈) နိုင်ငံလုံးတွင် အခြေခံ နှစ် (Pre-University Year) Foundation နှစ်မှ စတင် တက်ရောက်နိုင်မည် ဖြစ်သည်။ မိမိ ရွေးချယ်ရာ ဘာသာရပ်နှင့် နိုင်ငံပေါ်မူတည်ပြီး ကြာမြင့်ချိန် နှင့် ကုန်ကျစရိတ်တို့မှာ ကွာခြားမှုရှိမည် ဖြစ်သည်။ (ပညာရေးတိုင်ပင်ခံနှင့် ဆွေးနွေးရန်)
A Level/ IB အောင်မြင်ထားသူများအတွက် ပညာရေး လမ်းကြောင်းများ။
A Level နှင့် IB အောင်မြင်ထားသူများ အနေနှင့် တက္ကသိုလ် ပထမနှစ်မှ စတင်တက်ရောက်နိုင်မည် ဖြစ်သည်။ မိမိ ရွေးချယ်ရာ ဘာသာရပ်နှင့် နိုင်ငံပေါ်မူတည်ပြီး ကြာမြင့်ချိန်မှာ (၃) နှစ်မှ (၄) နှစ် ဖြစ်နိုင်ပါသည်။ ဆေးတက္ကသိုလ် နှင့် သွားဘက်ဆိုင်ရာ တက္ကသိုလ်တို့ကို ရွေးချယ်သူများ အနေနှင့် (၅) နှစ် မှ (၆) နှစ်ကြာမြင့်နိုင်ပါသည်။ (ပညာရေးတိုင်ပင်ခံနှင့် ဆွေးနွေးရန်)
NCC/ HND/ ABE အောင်မြင်ထားသူများအတွက် ပညာရေး လမ်းကြောင်းများ။
NCC Advance Diploma၊ Higher National Diploma (HND) တို့ကို အောင်မြင်ထားသူများ အနေနှင့် ဘာသာရပ် ကင်းလွတ်ခွင့်များကို ရယူပြီး ဆက်လက်တက်ရောက် နိုင်မည် ဖြစ်သည်။ မိမိရွေးချယ်သော နိုင်ငံပေါ်မှုတည်ပြီး ဘာသာရပ်ကင်းလွတ်ခွင့်မှာ ကွဲပြားခြားနားသွားမည် ဖြစ်သည်။ မိမိ ရွေးချယ်ရာ ဘာသာရပ်နှင့် နိုင်ငံပေါ်မူတည်ပြီး ဘွဲ့ရရှိရန် ကြာမြင့်ချိန်မှာ (၂) နှစ်မှ (၃) နှစ် ဖြစ်နိုင်ပါသည်။ (ပညာရေးတိုင်ပင်ခံနှင့် ဆွေးနွေးရန်)
တက္ကသိုလ်အောင်မြင်ထားသူများအတွက် ပညာရေး လမ်းကြောင်းများ။

တက္ကသိုလ် အောင်မြင်ထားသူများ အနေနှင့် ဘွဲ့လွန် ဒီပလိုမာ လမ်းကြောင်း မှ စတင်ပြီး တက်ရောက်နိုင်မည် ဖြစ်သည်။ မိမိ၏ တက္ကသိုလ် ၏ GPA ပေါ်မှုတည်ပြီး ဘွဲ့လွန် မာစတာ ကိုတက်ရောက်ရန် ရွေးချယ်နိုင်မည် ဖြစ်သည်။ မိမိ ရွေးချယ်ရာ ဘာသာရပ်နှင့် နိုင်ငံပေါ်မူတည်ပြီး ဘွဲ့လွန် မာစတာ ရရှိရန် ကြာမြင့်ချိန်မှာ (၁) နှစ်မှ (၂) နှစ် ဖြစ်နိုင်ပါသည်။ (ပညာရေးတိုင်ပင်ခံနှင့် ဆွေးနွေးရန်)