New Zealand
New Zealand
New Zealand Education
New Zealand နိုင်ငံ၏ မြို့တော်မှာ Wellington ဖြစ်ပါသည်။ World Peace Index 2019 အရ ကမ္ဘာပေါ်တွင် ငြိမ်းချမ်း သောနိုင်ငံများတွင် ဒုတိယ နေရာတွင်ပါဝင်ပါသည်။ New Zealand နိုင်ငံရှိ တက္ကသိုလ်များသည် ကမ္ဘာပေါ်တွင်Top 3% တွင်ပါဝင်ကြပါသည်။ နယူးဇီလန်နိုင်ငံသည် နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများကြားတွင် ကမ္ဘာ့အဆင့်မြင့် ပညာရေးစနစ် ၊ သင့်တင့်မျှတ သည့် ကျောင်းစရိတ်နှင့်သင်ကြားမှု့ပိုင်းတွင် စနစ်တကျ သင်ကြားပေးနိုင်သောကြောင့် ရေပန်းစားကျော်ကြားလှပါသည်။
ထိုအပြင် နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံ၊ အုပ်ချုပ်မှု ယန္တရား၊ ပညာရေး၊ ကျန်းမားရေး၊ နိုင်ငံသားများရဲ့ လုံခြုံမှု၊ နိုင်ငံသားတစ်ဦးချင်းစီ၏လွတ်လပ်ခွင့်နှင့် သဘာဝသယံဇာတ စတဲ့အချက်တွေအပေါ်မူတည်ပြီးအကဲဖြတ်တဲ့ Legatum Prosperity Index 2018 အရ ဒုတိယအကောင်းဆုံး နိုင်ငံအဖြစ်ရွေးချယ်ခြင်းခံရပါသည်။ထိုအချက်များကြောင့် နှစ်စဉ် နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများသည် နယူးဇီလန်နိုင်ငံ ကို ရွေးချယ်မှု များနေရခြင်း ဖြစ်ပါသည်။
နယူးဇီလန်နိုင်ငံသည် နွေးထွေးလုံခြုံ၍ သင့်တင့်တဲ့နေထိုင်စားသောက်မှုကုန်ကျစရိတ်၊ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် ၊ နိုင်ငံတကာ မှလူမျိုးပေါင်းစုံ၊ ဓလေ့စရိုက် နဲ့ ယဉ်ကျေးမှုတို့ကို လေ့လာနိုင်မည့်နိုင်ငံ တစ်ခုလည်း ဖြစ်ပါသည်။ နယူးဇီလန်နိုင်ငံမှ တက္ကသိုလ်များသည် သတ်မှတ်ထားသည့်အမှတ်ရရှိပါက အသက်အရွယ်ကန့်သတ်ချက်မရှိပဲ အလွယ်တကူတက်ရောက်နိုင်မည် ဖြစ်ပါသည်။
နယူးဇီလန်နိုင်ငံ၏ နေထိုင်မှုကုန်ကျစရိတ်သည် တခြားထင်ရှားကျော်ကြားသည့်နိုင်ငံများဖြစ်သည့် Canada, UK, US နှင့် Australia နိုင်ငံများထက် အများကြီး သက်သာပါသည်။ သန့်ရှင်း လတ်ဆက်သည့် အစားအသောက်များ၊ သင့်တင့်မျှတ၍ ရွေးချယ်စရာပေါများသည့် ကျောင်းဆောင်များရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ တခြားနိုင်ငံများထက် နေထိုင်စားသောက်စရိတ် သက်သာခြင်း တို့သည် ပြည်ပတွင် ပညာသင်လိုသည့် ကျောင်းသူ၊ကျောင်းသားများအတွက် နယူးဇီလန်နိုင်ငံသည် ရွေးချယ်စဉ်းစားသင့်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။
Living Style & Living Expenses
နယူးဇီလန်နိုင်ငံသည် အလွန်လှပသောရှုခင်းများ၊ တောင်များ၊ ရေကန်များနှင့် ထူးခြားသောဇီဝမျိုးကွဲများရှိသော စိတ်ဝင်စား ဖွယ်နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စွန်းစားရသည်များကို ကြိုက်နှစ်သက်သူများ အတွက် လှေစီးခြင်း၊ တောင်တက်ခြင်း၊ နှင်းလျှောစီးခြင်းများကိုလည်း ပြုလုပ်နိုင်ကြမှာ ဖြစ်ပါသည်။
နယူးဇီလန်နိုင်ငံ၏ တက္ကသိုလ်များရဲ့ ခန်းမှန်းကုန်ကျစရိတ်မှာ Undergraduate တန်းများအတွက် $ 18,000- $ 25,000 နှင့် Postgraduate တန်းများအတွက် $ 25,000-40,000 တို့ ဖြစ်ပါသည်။ တစ်နှစ်အတွက် နေထိုင်မှု ကုန်ကျစရိတ်မှာ မြန်မာကျပ် သိန်း ၁၂၀ မှ သိန်း ၁၅၀ အတွင်းသာ ရှိပါသည်။နယူးဇီလန်နိုင်ငံ၏ ပညာရေးစနစ်သည် British ပညာရေးစနစ်ကို အခြေခံထား ပါသည်။ နယူးဇီလန်နိုင်ငံအစိုးရသည် ပညာရေးစနစ် နှင့် အရည်အချင်းရှိသည့် သင်ကြားမှုပုံစံများကို အာမခံချက် ပေးနိုင် အောင် ကြီးမတ်၍ အဆင့်မှီပညာရေးစနစ် ကို သေသေချာချာ ဖော်ဆောင်ထားပါသည်။
ကျောင်းသားများသည် နယူးဇီလန်နိုင်ငံတွင် ပညာသင်နေစဉ်ကာလအတွင်းတွင် ကျောင်းသားဗီဇာနှင့် အတွေ့အကြုံ ရချင်သူများ အနေဖြင့် အားလပ်ရက်များတွင် တစ်ပတ်လျှင် နာရီ (၂၀) အလုပ်လုပ်နိုင်ပါသည်။ တစ်ချို့သော ကျောင်းသားများသည်လည်း သူတို့တက်ရောက်နေသောတက္ကသိုလ်တွင်ပင် အချိန်ပိုင်းအလုပ်များရှာဖွေကြပါသည်။
ထို့ကြောင့် နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများသည် ကမ္ဘာ့အဆင့်မီပညာကိုသင်ကြားနိုင်ခြင်း၊ ရွေးချယ် တက်ရောက်နိုင်သော မေဂျာ ဘာသာရပ်များစွာရှိခြင်း၊ နေထိုင်စရိတ်သက်သာခြင်း၊ ရာသီဥတုသင့်တင့်မျှတခြင်း၊ လည်ပတ်စရာနေရာများပေါများခြင်း စသည်တို့ကြောင့် New Zeland နိုင်ငံ သို့သွားရောက်ပညာသင်ကြဖို့ ဆုံးဖြတ်ကြပါသည်။
Universities & Education Groups in Australia
• Study Group, New Zealand
• Up Education, New Zealand
Study Group, New Zealand

နိုင်ငံတကာမှ တက္ကသိုလ်များ ၊ ကောလိပ်များကို ပညာဆည်းပူးနိူင်ရန် လိုအပ်သည့် အရည်အချင်းများကို ဖြည့်စည်းပေးသည့် Study Group (International Study Centre) ပညာရေးအဖွဲ့အစည်းသည် UK, US , Australia, New Zealand, Canada နိုင်ငံများရှိ တက်ရောက်နိုင်မည့် ကျောင်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါသည်။
The University of Auckland

The University of Auckland သည် ၁၈၈၃ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့အဆင့် ၈၃တွင်ရှိသော တက္ကသိုလ် ဖြစ်သည်။ The University of Auckland ၏ Business Schoolသည် Triple Crown ဟုတင်စားခေါ်တွင်သော အမေရိကန်နိုင်ငံ မှပေးအပ်သည့် Association to Advance Collegiate Schools of Business (AACSB International)၊ ဥရောပနိုင်ငံမှ ပေးအပ်သည့် European Quality Improvement System (EQUIS)နှင့် အင်္ဂလန်နိုင်ငံမှပေးအပ်သည့် The Association of MBAs (AMBA) တို့ကိုရရှိထားပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်ထားသူများအနေဖြင့် Foundation Studies Certificate တန်းများကို Taylors College Auckland တွင်တက်ရောက်ပြီး Undergraduate Degree များကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ဘာသာရပ်များအနေဖြင့် Arts, Business, Creative Arts and Industries, Education and Social Work, Engineering, Law, Medical and Health Science, Science ဘာသာရပ်များကို သင်ကြားပေးနေပါသည်။
The University of Waikato

The University of Waikato သည် 1964 ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်ဖြစ်ပြီး ကျောင်းပြီးအ လုပ်အကိုင်ရရှိမှုနှုန်း၊ သင်ကြားရေး၊ ကျောင်းရဲ့ facilities အစရှိသည်တို့အပေါ်တိုင်းတာသည့် QS Stars 2016 အရ Five Star Rating ရရှိထားတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါသည်။The University of Waikato Management School သည် Triple Crown (AACSB, EQUIS, AMBA) Accreditation ရရှိထားပြီး သက်ဆိုင်ရာဘာသာရပ်တွေအတွက်လည်း ဂုဏ်သိက္ခာမြင့်မားတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ အသိအမှတ်ပြုခြင်း ခံထားရပါသည်။ QS World University Rankings 2020 အရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် အဆင့် 266 ရရှိထားသည့် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါသည်။ Arts, Business, Communication Studies, Computing, Design, Engineering, Environmental Planning, Health, Sport, Music, Law, Social Science, Social work, Teaching စသည့် ဘာသာများကို သင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်ထားသူများ အနေဖြင့် Waikato Pathways College မှတစ်ဆင့် Foundation Studies Program များတက်ရောက်ပြီး Undergraduate Degree များဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Up Education, New Zealand

Up Education သည် New Zealand, Australia အစရှိသည့်နိုင်ငံတွေမှာပညာသင်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေအတွက် New Zealand, Australia ထိပ်တန်း တက္ကသိုလ်များ ပါရှိပြီး တက္ကသိုလ်များ၊ ကောလိပ်များတွင် ပညာသင်ရန် လိုအပ်သည့်အရည်အချင်းများကို ဖြည့်ဆည်းပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။
The University of Auckland

The University of Auckland သည် ၁၈၈၃ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့အဆင့် (၈၃) တွင်ရှိသော တက္ကသိုလ် ဖြစ်သည်။ The University of Auckland ၏ Business Schoolသည် Triple Crown ဟုတင်စားခေါ်တွင်သော အမေရိကန် နိုင်ငံမှပေးအပ်သည့် Association to Advance Collegiate Schools of Business (AACSB International)၊ ဥရောပနိုင်ငံမှ ပေးအပ်သည့် European Quality Improvement System (EQUIS)နှင့် အင်္ဂလန်နိုင်ငံမှပေးအပ်သည့် The Association of MBAs (AMBA) တို့ကိုရရှိထားပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်ထားသူများအနေဖြင့် The University of Auckland Foundation Studies Certificate တန်းများကို Up International College တွင်တက်ရောက်ပြီး Undergraduate Degree များကို The University of Auckland နှင့် တခြားသော နယူးဇီလန်ထိပ်တန်းတက္ကသိုလ်များတွင် ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ဘာသာရပ်များအနေဖြင့် Arts, Business, Creative Arts and Industries, Education and Social Work, Engineering, Law, Medical and Health Science, Science ဘာသာရပ်များကို သင်ကြားပေးနေပါသည်။
Victoria University of Wellington

Victoria University of Wellington သည် 1897 ခုနှစ်ကတည်ထောင်ခဲ့သည့် Research Quality နဲ့ပတ်သတ်ပြီး နယူးဇီလန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် ထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါသည်။ နိုင်ငံတကာ နှင့် ပြည်တွင်းမှ ကျောင်းသား ပေါင်း ၂၂၀၀၀ ရှိပြီး၊ နိုင်ငံပေါင်ဒ (၁၀၀) ကျော်မှ လာရောက်သည့် နိုင်ငံတကာကျောင်းသားပေါင်း ၃၇၀၀ ရှိပါသည်။
Campuses (3) ခုရှိပြီး၊ Kelburn သည် Main Campus ဖြစ်ပါသည်။ Pipitea Campus သည် Business နှင့် Law ဘာသာရပ်များ သင်ကြားပေးနေပါသည်။ Te Aro Campus သည် Architecture နှင့် Design ဘာသာရပ်များကို သင်ကြားပေးပါသည်။
2020 Qs ranking အရ ဘာသာရပ် ၁၉ ခုသည် ကမ္ဘာပေါ်ရှိတက္ကသိုလ်များတွင် Top 1% တွင်ပါဝင်ပါသည်။ Victoria University of Wellington ၏School of Business သည် Triple Crown (AACSB, EQUIS, AMBA) Accreditation ရရှိထားပါသည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ် 100 အဆင့်သတ်မှတ်ချက်အရ Victoria University of Wellington တွင်သင်ကြားနေသည့် ဘာသာရပ် (11) သည် အကောင်းဆုံးဘာသာရပ်များအဖြစ် အသိအမှတ်ပြုခြင်း ခံထားရပါသည်။ Victoria University of Wellington တွင် Bachelor, Graduate Diploma, Master, PhD အထိတက်ရောက်နိုင်ပါသည်။
မြန်မာနိုင်ငံမှ ဆယ်တန်းအောင်ထားသူများအနေဖြင့် Victoria University of Wellington Foundation Studies Program ကို Up International College တွင်တက်ရောက်ပြီး Undergraduate Degree များဆက်လက်တက်ရောက်နိုင်ပါသည်။ Arts, Biomedical Science, Build Science, Communication, Design Innovation, Education, Engineering, Health, Law, Midwifery, Music နှင့် Science စသည့်ဘာသာရပ်များကို သင်ကြားပေးနေပါသည်။
AUT University

AUT University သည် နယူးဇီလန်နိုင်ငံတွင် ဒုတိယအကြီးဆုံး တက္ကသိုလ်ဖြစ်ပြီး ကမ္ဘာ့အဆင့် ၁%တွင် ပါရှိပါသည်။ AUT University တွင် နိုင်ငံတကာမှ ကျောင်းသားပေါင်း ၄,၀၀၀ ဝန်းကျင်တက်ရောက်လျက်ရှိပြီး ကျောင်းပြီး အလုပ်အကိုင်ရရှိမှု တွင် ၉၅% ရှိပါသည်။ Architecture, Art and design, Business and Economics, Creative Technologies, Communication Studies, Education, Engineering, computer and mathematical sciences, Health, Hospitality, tourism and events, Law, Sciences အစရှိသည့် ဘာသာရပ်များကို လေ့လာသင်ယူနိုင်ပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်ထားသူများအနေဖြင့် The AUT University Certificate in Foundation Studies တန်းများကို Up International College တွင်တက်ရောက်ပြီး Undergraduate Degree များကို AUT University၊ တခြားသော နယူးဇီလန်ထိပ်တန်း တက္ကသိုလ်များနှင့် Australia နိုင်ငံရှိ တက္ကသိုလ်အချို့တွင် ရွေးချယ်၍ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပါသည်။