Holland

Holland

Holland Education

Holland နိုင်ငံသည် ဥရောပအနောက်မြောက်ပိုင်း အင်္ဂလန် နှင့် ဂျာမနီကြားမှာတည်ရှိတဲ့ အလွန်မှ ချမ်းသာကြွယ်ဝတဲ့ နိင်ငံတစ်နိုင်ငံဖြစ်ပါသည်။ဒေသခံ ဒတ်ချ် လူမျိုးများတွေရဲ့ ၉၅%ကျော်ဟာ အင်္ဂလိပ်စကားကို ပြောဆိုနိုင်တဲ့အတွက် နိုင်ငံတကာမှ လာရောက်ပညာသင်ကြားတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေစေမှာဖြစ်ပါသည်။ နှစ်စဉ် Holland တွင် ပညာသင်ရန် ရွေးချယ်ကြသည့် နိုင်ငံတကာမှ ကျောင်းသားပေါင်း တစ်သိန်းကျော် လာရောက်ပညာသင်ကြားနေပါသည်။

Times Higher Education World University Rankings 2018 အရ Holland  ရှိ တက္ကသိုလ် (၁၃) ခုသည် အဆင့် (၂၀၀) အတွင်းတွင်ပါဝင်ကြပါသည်။ 

Dutch Higher Education System တွင် Research Universities နှင့် University of Applied Sciences ဟူ၍ နှစ်မျိုးရှိပါသည်။ 

• Research Universities များသည် Academic ဖြစ်ပြီး  သီအိုရီပိုင်းကို ဦးစားပေးသည့် တက္ကသိုလ်များဖြစ်ပါသည်။ 

• University of Applied Sciences သည် လက်တွေ့လုပ်ငန်းခွင်များသို့သွားရောက်လေ့လာရမည်ဖြစ်ပြီး လက်တွေ့ပိုင်းကို ဦးစားပေးသည့် တက္ကသိုလ်များဖြစ်ပါသည်။

Holland တက္ကသိုလ်များသည်  သင်ခန်းစာများ အတွက် သင်ကြားပို့ချရတွင် Lecture များ မှ သင်ကြားမှုများ ကို စာတွေ  ့ သက်သက်  သင်ယူမှုထက် ကျောင်းသားအချင်းချင်းပူးပေါင်းဆောင်ရွက်မှု Teamwork ကို အဓိကထားကာ ဆောင်ရွက်စေပါသည်။ ထိုပြင် Professor များ နှင့် ကျောင်းသူ၊ ကျောင်းသားများ ရင်းနှီစွာဖြင့် Good Personal Relationship ကို ဦးစားပေးကာ ၊ ကျောင်းသူ၊ ကျောင်းသားများ ၏ Academic Skills များသာမက လုပ်ငန်းခွင်ဝင်ရောက်မှုမှာ ပါ အရေးပါတဲ့ Soft skills တိုးတက်မှုတွေအတွက်ကိုပါ လေ့ကျင့် သင်ကြားပေးပါသည်။

Living Style & Living Expenses

Holland နိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ဗီဇာအခက်အခဲမရှိ ပဲ အလွယ်တကူ သွားရောက်နိုင်ပါသည်။ Paris, London, Brussels အစရှိသည့်မြို့များသို့ ရထားဖြင့်လည်း သွားနိုင်သလို Flight ဖြင့်တစ်နာရီအတွင်း အလွယ်တကူ သွားရောက် နိုင်ပါသည်။ 

Holland နိုင်ငံ၏ မြို့တော်မှာ Amsterdam မြို့ ဖြစ်ပြီး ၊ နေထိုင်သူ 80% သည် အင်္ဂလိပ်စကားကို အဓိကပြောဆိုကြ ပါသည်။ Amsterdam မြို့သည် ကမ္ဘာကျော် အနုပညာပြခန်း နှင့် ပြတိုက် 50 ကျော်တည်ရှိပါသည်။ သမိုင်းဝင်အဆောက်အအုံပေါင်း 9000 ကျော်တည်ရှိပါသည်။ ကျောင်းသူ၊ကျောင်းသားများအနေဖြင့်  Amsterdam မြို့ဘေးပတ်ဝန်းကျင်တွင် လည်း ခေတ်မီ၍ ပျော်ရွင်စရာ ကောင်းသည့် လူကြိုက်များသည့်နေရာများစွာက ဝန်းရံနေပါသည်။  Student Hotel တွင် ကျောင်းသူ၊ ကျောင်းသားများ အားလုံး အတွက်စက်ဘီးများ စီစဉ် ပေးထား၍  Amsterdam မြို့တလျှောက်ရှိ Dutch culture များလေ့လာနိုင်မည်ဖြစ်ပါသည်။

Holland တက္ကသိုလ်များ၏ ကျောင်းလခ နှင့် နေထိုင်စရိတ်သည် UK, USA, Australia နိုင်ငံများ၏ ကျောင်းလခထက် များစွာသက်သာပါသည်။ Holland တွင် Foundation 1 နှစ် နှင့် Undergraduate Degree 3 နှစ် အတွက် လေးနှစ်စာ ပညာသင်စရိတ်မှာ ခန့်မှန်းခြေ  € 41000 ဝန်းကျင်သာရှိပြီး  UK နိုင်ငံထက်  € 20000 ကျော်သက်သာပြီး  USA, Australia နိုင်ငံများထက် € 40000 ကျော်သက်သာပါသည်။ 

ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စျေးသက်သာ၍ သက်တောင့်သက်သာရှိသည့်  Accommodation များရှိသည့် Amsterdam မြို့နှင့် Amsterdam မြို့အနောက်ဘက်တွင် ရှိသော Student Hotel များတွင်နေထိုင်နိုင်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အလေးထားတဲ့ နိုင်ငံဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုမြင့်တက်စေတဲ့ ကားနဲ့ဆိုင်ကယ်အသုံးပြုမှုကို လျှော့ချပြီး တစ်နိုင်ငံလုံးလိုလို စက်ဘီးပဲစီးတဲ့နိုင်ငံပဲဖြစ်ပါသည်။

နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများသည် သင့်တင့်တဲ့နေထိုင်စားသောက်မှု ကုန်ကျစရိတ် ၊ ကျောင်းလခ သက်သာခြင်း၊ သုတေသနနယ်ပယ်တွင် နာမည်ကြီးခြင်း၊ ရာသီဉတု သင့်တင့်မျှတခြင်း၊ လည်ပတ်စရာနေရာများ  ပေါများခြင်း၊ နိုင်ငံတကာမှ လူမျိုးပေါင်းစုံ၊ ဓလေ့စရိုက် နဲ့ ယဉ်ကျေးမှုတို့ကို လေ့လာနိုင်ခြင်းတို့ကြောင့် Holland နိုင်ငံသို့  သွားရောက်ပညာသင်ကြဖို့ ဆုံးဖြတ်ကြပါသည်။

Universities & Education Groups in Holland

Navitas, Holland 

Navitas   သည် ၁၉၉၄ ခုနှစ်မှစတင်၍ တက္ကသိုလ်များနှင့် လက်တွဲပြီး ကမ္ဘာအဆင့်မြင့်ပညာရေးတွင်ထိပ်ဆုံးမှ ဦးဆောင်ထားပါပြီး၊ နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ  တက်ရောက်နိုင်ရန်  Holland ရှိ ထိပ်တန်း တက္ကသိုလ် (၂) ခု နှင့် ချိတ်ဆက်ထားပါသည်။ 

University of Twente 

University of Twente သည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များစာရင်းရှိ အဆင့် ( 200) တွင်ပါဝင်သည့် တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ University of Twente တွင်ရှိသည့် Nanotechnology, Biomedical Technology, Information Technology, Governance Studies, Sustainable Energies and High-tech systems စသည့် သုတေသနဌာနများသည်လည်း ကမ္ဘာအဆင့်မီဌာနများဖြစ်ကြပါသည်။ 

University of Twente တွင်  Engineering & Technology, Behavioural & Social Sciences, Business and Management စသည့်ဘာသာရပ်များကိုသင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် Twente Pathway College တွင် International Foundation Year ကိုတက်ရောက်ပြီး Undergraduate Degree များကို ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

The Huage University of Applied Science 

The Huage University of Applied Science  သည် နယ်သာလန်နိုင်ငံအနောက်ဘက်ရှိ Randstad မြို့ပြဒေသရှိ အသုံးချသိပ္ပံ တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ The Huage University of Applied Science တွင်  International Business, Finance and Control, Communication, Sport Studies, Commination and Multimedia Design, Industrial Design Engineering, Chemical Engineering စသည့်ဘာသာရပ်များကို သင်ကြားပေးနေပါသည်။ 

မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် The Huage Pathway College တွင် International Foundation Year  ကိုတက်ရောက်ပြီး Undergraduate Degree များကို ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

Study Group, Holland

နိုင်ငံတကာမှ တက္ကသိုလ်များ ၊ ကောလိပ်များကို ပညာဆည်းပူးနိူင်ရန် လိုအပ်သည့် အရည်အချင်းများကို ဖြည့်စည်းပေးသည့် Study Group (International  Study Centre) ပညာရေးအဖွဲ့အစည်းသည်  UK, US , Australia, New Zealand, Holland နှင့် Canada နိုင်ငံများရှိ တက်ရောက်နိုင်မည့် ကျောင်းပေါင်းများစွာဖြင့်  ချိတ်ဆက်ထားပါသည်။ Holland နိုင်ငံတွင်လည်း ထိပ်တန်း တက္ကသိုလ်များကို နိုင်ငံတကာ မှာ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နိုင်ရန်အတွက်  Foundation Year ကို ပို့ချလျက်ရှိပါသည်။ 

Erasmus University Rottendam

Erasmus University Rottendam  သည် Time Higher Education  World Ranking 2019 တွင် Top 70 တွင်ပါရှိပါသည်။ Business & Economic ranked ( Time Higher Education World Ranking 2018 အရ) Top 24 တွင်ပါရှိပါသည်။ Erasmus University Rottendam သည် Research ပိုင်းသင်သည့် တက္ကသိုလ်ဖြစ်ပါသည်။ Rottendam  သည်Netherland နိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပါသည်။ 

Business, Economics and Social Sciences စသည့်ဘာသာရပ်များကို သင်ကြားပေးနေပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် Holland International Study Centre တွင် Foundation Year တက်ရောက်ပြီး Erasmus University Rottendam ၏ Undergraduate Degree များကို တက်ရောက်နိုင်ရန် ရွေးချယ်နိုင်ပါသည်။

Vrije Universiteit Amsterdam

Vrije Universiteit Amsterdam  သည် Time Higher Education  World Ranking 2019 တွင် 166 တွင်ပါရှိပါသည်။ Vrije Universiteit သည် Holland  ၏ Amsterdam မြို့  စီးပွားရေးနှင့်ပတ်သတ်ပြီး အချက်အချာကြသည့် နေရာတွင်တည်ရှိပါသည်။  Amsterdam မြို့  တွင် Google, Akzo Nobel, ABN Amro, Nikon, Baker & McKenzie, Mitsubishi, Boeing, RBS, JCDecaux  အစရှိသည့်Company ပေါင်း (၇၀၀) ကျော် တည်ရှိပါသည်။ 

Business and Management လမ်းကြောင်းနှင့် Science and Engineering လမ်းကြောင်းများကို ရွေးချယ်နိုင်ပါသည်။ မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် Holland International Study Centre တွင် Foundation Year တက်ရောက်ပြီး Vrije Universiteit ၏ Undergraduate Degree များကို တက်ရောက်ရန် ရွေးချယ်နိုင်ပါသည်။

Tilburg University

Tilburg University သည် Business, Economics, Social Sciences and law  စသည့် ဘာသာရပ်များတွင်  နာမည်ကြီးပါသည်။ Times Higher Education World Rankings By Subject 2019 အရ  Business And Economics ဘာသာရပ်တွင် Top 25 တွင်ပါဝင်ပါသည်။ Holland   ၏  6th largest city တွင်တည်ရှိပါသည်။ Holland ၏ တောင်ပိုင်းတွင်တည်ရှိပါသည်။ 

မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့်  Holland International Study Centre တွင် Foundation Year တက်ရောက်ပြီးပါက Tilburg University ၏ Undergraduate Degree များကို တက်ရောက်ဖို့ ရွေးချယ်ထားနိုင်ပါသည်။

Hanze University of Applied Sciences  

 Holland ၏ မြောက်ပိုင်း Groningen မြို့တွင် တည်ရှိပါသည်။ Business and Management  ဘာသာရပ်များကို အဓိက သင်ကြားပေးပါသည်။ Hanze University မှ ကျောင်းသူ၊ကျောင်းသားများသည် One Semester ကို Hanze ၏ Partner University များသို့ သွားရောက်လေ့လာနိုင်ပါသည်။ 

မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့်  Holland International Study Centre တွင် Foundation Year တက်ရောက်ပြီးပါက Hanze University of  Applied  Sciences ၏ Undergraduate Degree များကို တက်ရောက်ဖို့ ရွေးချယ်ထားနိုင်ပါသည်။

ONCAMPUS Amsterdam 

ONCAMPUS Amsterdam သည်   Amsterdam မြို့မှာတည်ရှိပါသည်။ 80% သည် အင်္ဂလိပ်စကားကို အဓိကပြောဆိုကြပါသည်။ 

မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် Undergraduate Foundation Programme တက်ရောက်ပြီး Amsterdam University of Applied Science နှင့် University of Amsterdam ၏ Undergraduate Degree များတက်ရောက်နိုင်ပါသည်။ Undergraduate Foundation Year  အတွက် ၁၀-၃၀ % ထိ Scholarship များလည်း လျှောက်ထားနိုင်ပါသည်။

Undergraduate Foundation Programmeတွင် Academic Writing, Reading, Listening စသည့် English skills များကိုပါ တိုးတက်အောင် လေ့ကျင့်ပေးခြင်း၊ Presentation skill များကောင်းမွန်အောင်လေ့ကျင့်ပေးခြင်း တို့ကို ပါ ထည့်သွင်း သင်ကြားပေးပါသည်။ စာသင်ခန်း တစ်ခန်းတွင် လူ 15 မှ 20 သာ ထားရှိပါသည်။  

University of Amsterdam သည် Qs World University ranking အရ rank 62 တွင်ပါရှိပါသည်။ နိုင်ငံပေါင်းတစ်ရာကျော်မှ International ကျောင်းသားပေါင်း5000 ကျော်လာရောက်ပညာသင်ကြားနေပါသည်။ The Amsterdam Business School သည် Triple Crown ရရှိထားပြီး ကမ္ဘာ့အကောင်းဆုံး Business School  Top 1% ထဲတွင်ပါဝင်ပါသည်။University of Amsterdam တွင် Economic and  Business ဘာသာရပ်များကို Undergraduate Degree, Postgraduate Degree ထိရယူနိုင်ပါသည်။Social Science ဘာသာရပ်များဖြစ်သည့် Psychology, Political, Law, Economic စသည့် Undergraduate Degree များရယူနိုင်ပါသည်။

Amsterdam University of Applied Sciences တွင်  အရည်အသွေးမြင့် Research တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ Amsterdam University of Applied Sciences တွင်   BBA International Business ကို ၃နှစ် (သို့) ၄ နှစ် တက် ရောက် ရမည် ဖြစ်ပါသည်။