Canada
Canada
Canada Education
Canada နိုင်ငံသည် ပညာတတ်များ၊ အရည်အချင်းရှိသူများကို ဦးစားပေးသော နိုင်ငံတစ်နိုင်ငံ ထဲတွင်ပါဝင်ပါသည်။ Canada သည် ကမ္ဘာပေါ်တွင်ဒုတိယအကြီးဆုံးနိုင်ငံလည်းဖြစ်ပြီး၊ အမေရိကန် နိုင်ငံ (The United State of America) နှင့် နယ်နမိတ်ခြင်းထိစပ်လျက်ရှိသည်။ ပညာရေးစနစ်သည်ကောင်းမွန်ပြီး တက္ကသိုလ်များသည် စျေးလည်းသက်သာတာကြောင့် အခြားနိုင်ငံတွေနဲ့ယှဉ်ရင် Canada နိုင်ငံကို နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများသည် ပညာသင်ဖို့ ဦးစားပေး စဉ်းစားကြပါသည်။
Canada နိုင်ငံတွင် ကျောင်းပြီး သော နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားများ အနေနှင့် အလုပ်(၂)နှစ်လုပ်ပြီးပါက အမြဲနေထိုင်ခွင့်ပါမစ် Permanent Residence ရရှိရန်လျှောက်ထားနိုင်ပါသည်။ Permanent Residence ရရှိပါက မိသားစုများခေါ်ခွင့်ရှိသည့်အပြင် ၃ နှစ်မှ ၅ နှစ်အတွင်းတွင် Citizen အဖြစ်လျှောက်ထားခွင့်ရမှာ ဖြစ်ပါသည်။
သို့ပါ၍ အချုပ်ဆိုသော် Canada နိုင်ငံသည် ကျောင်းလခများသင့်တင့်မျှတခြင်း၊ ကျောင်းပြီးပါက Post Study Work အနည်းဆုံး (၂) နှစ်လျောက်ထားနိုင်ခြင်းနှင့် အလုပ်(၂)နှစ်လုပ်ပြီးပါက အမြဲနေထိုင်ခွင့်ပါမစ် Permanent Residence ရရန်အခွင့်အရေးရခြင်းစသည့်အချက် တို့ကြောင့် နိုင်ငံတကာမှကျောင်းသူ၊ ကျောင်းသားများသည် ပညာသင်ဖို့ လာရောက်ကြပါသည်။
Living Style & Living Expenses
Canada နိုင်ငံသည် ဒုတိယ ကမ္ဘာ့ Security အကောင်းဆုံး နိုင်ငံဖြစ်ပြီးကမ္ဘာပေါ်တွင် မှုခင်းဖြစ်ပွားမှု အနည်းဆုံး နိုင်ငံဖြစ်သည်။ Canada နိုင်ငံသည် ရေမြေအနေအထား လှပသာယာပြီး နေထိုင်ဖို့ လုံခြုံစိတ်ချရတဲ့ နိုင်ငံလည်း ဖြစ်ပါသည်။ Canada နိုင်ငံသည် လူနေမှု အဆင့်အတန်း မြင့်မားပေမယ့်လည်း နေထိုင်စရိတ်များသည် အခြား ကမ္ဘာ့ထိပ်တန်း နိုင်ငံများထက် ကုန်ကျစရိတ် အများကြီး သက်သာပါသည်။
သို့ပါ၍ စီးပွားရေး ဖွံဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ ပညာရေးကို ပေးအပ်နေတဲ့ ကနေဒါနိုင်ငံသည် နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းတက်ရင်း အလုပ်လုပ်ကိုင်နိုင်သော အခွင့်အလမ်းကောင်းများစွာဖြင့် နွေးထွေးစွာ ကြိုဆိုနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပေသည်။
နိုင်ငံတကာမှ ကျောင်းသားများအနေဖြင့် Undergraduate Degree အတွက်ကျောင်းလခမှာ မိမိရွေးချယ်သည့် ကျောင်းပေါ်မူတည်၍ CAD 1,8000 မှ CAD 20,000 အထိရှိသည်ဟု ခန့်မှန်းတွက်ချက်နိုင်ပါသည်။ နေထိုင်စားသောက်စရိတ်မှာလည်း တစ်နှစ်လျှင် CAD 12,000 လောက်တွင်ရှိကြပါသည်။
နိုင်ငံတကာ ကျောင်းသားကျောင်းသူများအနေနှင့် Canada နိုင်ငံမှာကမ္ဘာ့အဆင့်မီ ပညာရေးကို စရိတ်သက်သာစွာနဲ့ သင်ကြားနိုင်ပြီး ကျောင်း တက်နေစဉ်အတွင်းမှာ အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်ပါသည်။ ကျောင်းပြီးပါကလည်း ဆက်လက်နေထိုင် အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေလည်း ပေးထားပါသည် ။ကျောင်းတက်နေစဉ် ကာလအတွင်း အလုပ်လုပ်ရန်အတွက် တရားဝင်ခွင့်ပြု ထား သောကြောင့် စာသင်ချိန်ပြင်ပတွင် မိမိ၏ကျောင်းစာ မထိခိုက်စေရန် အချိန်များကိုညှိနိုင်ပြီး အလုပ်လုပ်ကိုင်ခွင့်ရှိကြသည်။ အချိန်ပိုင်းအလုပ်လုပ်ခွင့်ကို တစ်ပတ်ကိုနာရီ (20) တရားဝင် ရရှိပါတယ်။တစ်နာရီကို ၁၂ ဒေါ်လာကနေ ၂၀ ဒေါ်လာအထိရရှိကြပါသည်။
Universities & Education Groups in Canada
• University Canada West
• Navitas, Canada
University Canada West

University Canada West သည် 2005 ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Canada နိုင်ငံ British Columbia ပြည်နယ်က စီးပွားရေးအချက်အချာကျသည့် Vancouver မြို့လည်မှာ တည်ရှိသည့် University တစ်ခုဖြစ်ပါသည်။ University of Canada West သည် Canada အစိုးရက တရားဝင်အသိမှတ်ပြုထားတဲ့ Designated learning Institution များထဲတွင် ပါဝင်ပြီး Undergraduate နှင့် Postgraduate Business Program များသင်ကြားပေးနေပါသည်။
မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် IELTS ( 6.5) –band ( 6.0) ရရှိပါက ပထမနှစ်မှ တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ IELTS အမှတ်မမှီသူများအနေဖြင့် University Access Program (English Program) မှ တစ်ဆင့် တက်ရောက်နိုင်မှာဖြစ်ပါသည်။ University of Canada West ၏ BCom နဲ့ MBA program များကို ACBSP (Accreditation Council for Business Schools and Programs) က တရားဝင် အသိအမှတ်ပြု လက်ခံထားပါသည်။
University of Canada West တွင် Associate of Arts, Bachelor of Commerce, Bachelor of Arts in Business Communication, MBA Foundation, Master of Business Administration (MBA), University Access Program စသည်တို့ကို သင်ကြားပေးနေပါသည်။
—————————————
Navitas, Canada
Navitas သည် ၁၉၉၄ ခုနှစ်မှစတင်၍ တက္ကသိုလ်များနှင့် လက်တွဲပြီး ကမ္ဘာအဆင့်မြင့်ပညာရေးတွင်ထိပ်ဆုံးမှ ဦးဆောင်ထားပါပြီး၊ နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နိုင်ရန် Australia, New Zealand, United States, Canada, United Kingdom, The Netherlands, United Arab Emirates, Singapore and Sri Lanka အစရှိသည့် နိုင်ငံများမှ ထိပ်တန်း တက္ကသိုလ်များ ပါရှိပြီး အဆိုပါ တက္ကသိုလ်များ၊ ကောလိပ်များတွင် ပညာသင်ရန် လိုအပ်သည့်အရည်အချင်းများကို ဖြည့်ဆည်းပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။ Navitas Canada သည်လည်း တက္ကသိုလ်ကြီး (၂) ခု နှင့် ချိတ်ဆက်ထားပါသည်။
Simon Fraser University

Simon Fraser University သည် 1965 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပါသည်။ Simon Fraser University သည် ကမ္ဘာပေါ်မှာနေထိုင်ရန် အကောင်းမွန်ဆုံးမြို့တွေထဲကတစ်ခုအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ Vancouver မြိုပေါ်တွင် တည်ရှိပါသည်။ QS Top Universities in Canada 2019 အရ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (15) ခုမှာ တစ်ခု အပါအဝင် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများအနေဖြင့် Fraser International College တွင် University Transfer Program (UTP) Stage 1 တက်ရောက်ပြီး ၊ Simon Fraser University တွင် တက္ကသိုလ်ပထမနှစ်မှ စတင်တက် ရောက်နိုင်ပါသည်။ University Transfer Program (UTP) Stage 2 တက်ရောက်ပြီးပါက တက္ကသိုလ်ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်ပါသည်။
Art and social sciences, Business Administration, Communication, Art and Technology, Computer Science, Engineering Science, Environment, Health Science စသည့်ဘာသာရပ်များကိုသင်ကြားပေးနေပါသည်။
University of Manitoba

University of Manitoba သည် 1877 ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (140) ကျော်သက်တမ်းရှိပြီး ၊ QS Top Universities in Canada 2019 အရ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (25)ခုမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။U15 Group of Canadian Research Universities အဖွဲ့ဝင်တက္ကသိုလ်တစ်ခုဖြစ်တဲ့အပြင် နည်းပညာနဲ့ ဆေးပညာဆိုင်ရာ ဘာသာရပ်တွေမှာ တက္ကသိုလ်ရဲ့ ကြီးမားတဲ့ သုတေသနလုပ်ငန်းဆောင်တာတွေကြောင့် နာမည်ကျော်ကြား တဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားသူများသည် International College of Manitoba ၏ UTP State 1 မှတစ်ဆင့် တက္ကသိုလ် ပထမနှစ်သို့ တက်ရောက် နိုင်ပြီး ၊ University Transfer Program (UTP) Stage 2 တက်ရောက်ပြီးပါက တက္ကသိုလ်ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်ပါသည်။
Arts, Business, Engineering, Environment, Earth and Resources, Science စသည့်ဘာသာရပ်များကို သင်ကြားပေးနေပါသည်။