About STUDY ABROAD Information Center

About STUDY ABROAD Information Center

STUDY ABROAD Information Centre သည် Regent Education Group တွင်ပါဝင်သည့်ပညာရေးဝန်ဆောင်မှု စင်တာဖြစ်ပြီး၊ (၂၀၀၉) တွင် စတင်တည်ထောင်ခဲ့ပါသည်။ Regent Education Group ကိုစတင်တည်ထောင်သူ Founder သည် London School of Economic, Oxford University  နှင့် Harvard University စသည့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများမှ အောင်မြင်ထားသူ တစ်ဦးလည်း ဖြစ်ပါသည်။ 

STUDY ABROAD Information Centre သည် (ဇူလိုင်လ ၂၀၀၉) မှစတင်ကာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံ များသို့ သွားရောက်ပညာသင်ကြား လိုသောမြန်မာကျောင်းသူ၊ ကျောင်းသားများ တစ်ဦးချင်းကို အကြံပေး ကူညီခဲ့ပါသည်။ မြန်မာ ကျောင်းသူ၊ ကျောင်းသားများ မိဘများ ၏ စိတ်ဝင်စားသည့် မေဂျာ နှင့် သွားရောက်လိုသော  နိုင်ငံများမှာ နှစ်စဉ် တိုးလာ သဖြင့်၊ (၂၀၁၃) ခုနှစ်မှစတင်ပြီး STUDY ABROAD Information Centre သည် Australia, UK နှင့် USA စသည့်  နိုင်ငံများသို့ သွားရောက်ပညာသင်ကြားလိုသူများအတွက် ကိုလည်း တိုးချဲကာ ကူညီဆောင်ရွက် ပေးလျက်ရှိ ပါသည်။

STUDY ABROAD Information Centre  သည် ကျောင်းသူ၊ ကျောင်းသားများကို ပညာရေး လမ်းကြောင်းများ အကြံပေးလမ်းညွန်ရာတွင် နိုင်ငံတကာတွင် ရရှိနိုင်သော အရည်အသွေးပြည့်မှီတဲ့ ပညာရေး လမ်းညွန်မှုများ နှင့်အတူ၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများကိုရယူပိုင်ဆိုင်နိုင်စေရန် လမ်းညွန်မှုများ ပြုလုပ် ပေးလျက်ရှိ ပါသည်။ STUDY ABROAD Information Centre စတင် တည်ထောင်ကတည်း (Business Administration, Pharmacy, Engineering, Economics, Law, Politics, Finance, Accounting, Business, Computing, Arts and Design) စသည့် ဘာသာရပ်များကို  ဆက်လက်ပြီး  ကမ္ဘာ့ တစ်ဝှမ်းမှ တက္ကသိုလ်များတွင် ဆက်လက် ပညာဆည်းပူး လိုသော မြန်မာကျောင်းသူ၊ ကျောင်းသား အများအပြားကို အကြံပေး ကူညီလျက် ရှိပါသည်။ သို့ပါ၍ STUDY ABROAD Information Centre သည် “သင့်ပညာရေးအတွက် ယုံကြည် အားထားရာ”  ဆောင်ပုဒ် အတိုင်း Australia, Canada, Holland, New Zealand, Singapore, Switzerland, United Kingdoms and The United Stated of America စသည့် နိုင်ငံများမှ တက္ကသိုလ်ကြီးများ၊ ပညာရေး အဖွဲ့အစည်းများ ချိတ်ဆက်ပြီး ၊ မြန်မာ  ကျောင်းသား မိဘများကို ကောင်းမွန်သော ဝန်ဆောင်မှု နှင့် အတူ ခိုင်မာ တိကျ ပြည့်စုံသော အချက်အလက်များ ကို ပံ့ပိုးနိုင်အောင် အစဉ် ကြိုးစားလျက်ရှိသည်။ ပညာရေးသည် လူငယ်တိုင်း ၏ အနာဂတ် အတွက် အလွန် အရေးပါသည့် အလျှောက် ကျောင်းသူ၊ ကျောင်းသားများကို ပညာရေးမှတစ်ဆင့် တိုးတက်လာအောင် STUDY ABROAD Information Centre သည် နိုင်ငံတကာ ရှိ ထိပ်တန်း တက္ကသိုလ်ကြီးများ တွင် ပညာ ဆည်းပူးနိုင်အောင် အစဉ် လမ်းညွန် လျက်ရှိသည်။

STUDY ABROAD Information Centre သည် မြန်မာကျောင်းသူ၊ကျောင်းသားများ၏ ကျောင်းလျောက်ထားခြင်း နှင့် ဆက်လျည်းပြီး ၊ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပံ့ပိုး ပေးလျက်ရှိပါသည်။ သို့ပါ၍  မြန်မာ ကျောင်းသူ၊ ကျောင်းသားများ ၊ မိဘ ဆရာများ ထံမှလည်း စိတ်ကျေနပ်မှုများကိုရရှိခဲ့ ပြီး၊ ပြည့်စုံကောင်းမွန်သောဝန်ဆောင်မှု ပေးသော STUDY ABROAD Information Centre ဟု၍ လည်း လူသိများပါသည်။

STUDY ABROAD Information Centre သည် ကျောင်းသူ၊ကျောင်းသားများကို ပညာရေးနှင့် ပတ်သက်ပြီး Australia, Canada, Holland, New Zealand, Singapore, Switzerland, United Kingdoms and The United Stated of America စသည့် နိုင်ငံများတွင် ပညာဆည်းပူးနိုင်အောင် အခမဲ့ အကြံပေး  ဆွေးနွေးပေးပါသည်။ STUDY ABROAD Information Centre မှ တာဝန်ခံ ပညာရေးအတိုင်ပင်ခံများသည် နိုင်ငံတကာ တက္ကသိုလ်ကြီးများမှ ချမှတ်ထားသော အချက်များကို လိုက်နာပြီး၊ အသိအမှတ်ပြုခြင်း ခံထားရသည့် အတွေ့ အကြုံရှိသော ပညာရေး တိုင်ပင်ခံများ ဖြစ်ပါသည်။  STUY ABROAD Information Centre မှ တာဝန်ရှိသူများသည် ကျောင်းလျှောက်ထား ခြင်း မှ ကျောင်းသူ၊ ကျောင်းသားများ ဗီဇာရရှိသည် အထိ လိုအပ်မှုများကို အချိန်နှင့် တပြည်းညီ ကူညီ ပံ့ပိုးလျက်ရှိ ပါသည်။ ထိုပြင် ထူချွန် ကျောင်းသူ၊ ကျောင်းသားများ အတွက် ရာနှုန်းပြည့် (၁၀၀%) ပညာသင်ဆုများကို ဆွတ်ခူး နိုင်ရန် ပညာသင်ဆုလျှောက်ထားရန် အဆင့်ဆင့်တို့ကိုလည်း ကူညီအကြံပေးလျက်ရှိပါသည်။ 

မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားမျာ၊ မိဘ ဆရာများ အနေနှင့် နိုင်ငံတကာ ပညာရေး သတင်းအချက်အလက်များ ကို  တနေရာတည်း ပြီးပြည့်စုံစွာ ရရှိ နိုင်ဖို့ရာ ပညာရေး ပြပွဲကြီးများ၊ ပညာရေး အခမ်းအနားများ၊ ပညာသင်ဆု လျှောက်ထားခြင်း ဆိုင်ရာ အချက်အလက်များ နှင့် အတူ တစ်ဦးချင်းဆွေးနွေးတိုင်ပင်ပေးမှုများကို  မြန်မာပြည် အနှ့ံ တွင် လစဉ် ပြုလုပ် ကျင်းပလျက်ရှိပါသည်။ STUDY ABROAD Information Centre ၏ ရုံးချုပ်မှာ ရန်ကုန်မြို့တွင် တည်ရှိပြီး၊ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ကြီးများတွင် ရုံးများ ဖွင့်လှစ်ထားပြီး မြန်မာ ကျောင်းသူ၊  ကျောင်းသားများ၊ မိဘ ဆရာများကို နိုင်ငံတကာ ပညာရေးလမ်းကြောင်းများ အခမဲ့ အကြံပေးလမ်းညွန်လျက် ရှိပါသည်။