Get Scholarship £20000 from World-Class University (Contact : 09 5151008, 09 420099997)

Get Scholarship £20000 from World-Class University (Contact : 09 5151008, 09 420099997)

Newcastle University သည် UK နိုင်ငံတွင် သုတေသနအကောင်းဆုံး တက္ကသိုလ်များ (၂၄) ခုကို ဖွဲ့စည်းထားသည့် Russell Group တွင် ပါ၀င်သော တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ Qs World University ranking 2020 အရ Top 150 တွင်ပါဝင်သည့် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့်အပြင် The Complete University Guide 2016 အရ သင်ကြားမှုနှင့် ကျောင်းပြီး၍ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုနှုန်း အများဆုံး Top 20 စာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်ပါသည်။

Newcastle University သည် Teaching Excellence Framework 2017 အရ သင်ကြားမှုပိုင်းတွင် အမြင့်ဆုံး Gold ဆုရရှိထားပြီး သင်ကြားမှုနှင့်ကျောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းများ ကြောင့် နာမည်ကျော်ကြားပြီး နိုင်ငံတကာမှ ကျောင်းသားပေါင်း ( 38000) ကျော်လာရောက်ပညာ သင်ကြား လျှက် ရှိပါသည်။

သတင်းကောင်းတစ်ခုအနေဖြင့် Newcastle University တွင် International Foundation Program များကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများကို Scholarship £ 20000 ပေးအပ်ချီးမြှင့်နေပါသည်။ Newcastle University မှပေးအပ်သော scholarship သည် အချိန်အကန့်အသတ်ရှိပါသဖြင့် ကျောင်းဝင်ခွင့် မတိုင်မှီ ကြိုလျှောက်ထားရန် လိုအပ်ပါသည်။

Scholarship £ 20000 လျှောက်ထားပြီး တက်ရောက်နိုင်မည့် Program များကတော့

Architecture, Bio-medicine, Biology and Pharmacy, Business and Management, Humanities and Social Science, Science, Computing, Engineering and Mathematics စသည့်ဘာသာရပ်များ ဖြစ်ပါသည်။

Newcastle University တွင် International Foundation Program တက်ရောက်နိုင်သူများကတော့

မြန်မာနိုင်ငံမှ တက္ကသိုလ်၀င်တန်းအောင်မြင်ထားသူများ၊ IGCSE အောင်မြင် ထားသူများနှင့် American High School Diploma အောင်မြင်၍ အသက်(၁၇) နှစ်ပြည့်ပြီးသူများ တက်ရောက်နိူင်မှာ ဖြစ်ပါသည်။

အင်္ဂလိပ်စာဝင်ခွင့်သတ်မှတ်ချက်အရ IELTS (5.5) ရရှိရန်လိုအပ်ပါသည်။ Newcastle University တွင် တက်ရောက်လိုသော ကျောင်းသူ၊ ကျောင်းသားများအတွက် Intake များအနေဖြင့် September, January, June တို့ရှိပါသည်။

ထို့ကြောင့် အင်္ဂလန်နိုင်ငံရဲ့ပညာရေးကို စိတ်ဝင်စားပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် Newcastle University တွင် တက်ရောက်လိုသူများအနေဖြင့် £ 20000 ပေးအပ်နေသည့် ပညာသင်ဆုများကို လျှောက်ထားရယူနိုင်ဖို့ လူဦးရေကန့်သတ်ထား၍ အမြန်ဆုံးလျှောက်ထားနိုင်ရန် သတင်းကောင်းပါးလိုက်ပါသည်။

ကျောင်းသူကျောင်းသားများ ၏ ကျောင်းလျှောက်လွှာများ၊ Scholarship လျှောက်ထားဖို့ ပြင်ဆင်ထားရမည့် အချက်အလက်များ၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့် ကျောင်းသား ဗီဇာကိစ္စများ၊ပညာသင်ဆု လျှောက်ထားမှုများကို အသေးစိတ် ထပ်မံသိရှိလိုပါက STUDY ABROAD Information Centre ရုံးဖုန်း 09-5151008 ,09-420099997 သို့ ဖုန်းဖြင့်ဆက်သွယ်၍ ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။