◼︎ နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများသည် မိမိတို့ ၏ အနာဂတ်အတွက် ပြည်ပတွင် ပညာသင်ကြားဖို့ ရည်မှန်းထား လျှင် အဆင့်မြင့်ပညာရေးစနစ် များ နှင့် ခေတ်မီသော နည်းပညာများဖြင့် သင်ကြားပေး နိုင်သည့် တက္ကသိုလ်များ၊ ဘဝ အာမခံချက်ရှိသော လုပ်ငန်းများကို ရရှိစေနိုင်ရန် စသည့်အချက်များကို စဉ်းစားပြီး ရွေးချယ်ကြပါသည်။ နယူးဇီလန်နိုင်ငံသည် နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများကြားတွင် ကမ္ဘာ့အဆင့်မြင့် ပညာရေးစနစ် ၊ သင့်တင့်မျှတသည့် ကျောင်းစရိတ်နှင့်သင်ကြားမှု့ပိုင်းတွင် စနစ်တကျ သင်ကြားပေးနိုင်သောကြောင့် ရေပန်းစားကျော်ကြားလှပါသည်။ ထိုအချက်များကြောင့် နှစ်စဉ် နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများသည် နယူးဇီလန်နိုင်ငံ ကို ရွေးချယ်မှု များနေရခြင်း ဖြစ်ပါသည်။
◼︎ နယူးဇီလန်နိုင်ငံ၏ နေထိုင်မှုကုန်ကျစရိတ်သည် တခြားထင်ရှားကျော်ကြားသည့်နိုင်ငံများဖြစ်သည့် Canada, UK, USA နှင့် Australia နိုင်ငံများထက် အများကြီး သက်သာပါသည်။ သန့်ရှင်း လတ်ဆက်သည့် အစားအသောက်များ၊ သင့်တင့်မျှတ၍ ရွေးချယ်စရာပေါများသည့် accommodation များ၊လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ တခြားနိုင်ငံများထက် နေထိုင်စားသောက်စရိတ် သက်သာခြင်း တို့သည် ပြည်ပတွင် ပညာသင်လိုသည့် ကျောင်းသူ၊ကျောင်းသားများအတွက် နယူးဇီလန်င်ငံသည် ရွေးချယ်စဉ်းစားသင့်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။
◼︎ နယူးဇီလန်နိုင်ငံ၏ တက္ကသိုလ်များရဲ့ ခန်းမှန်းကုန်ကျစရိတ်မှာ Undergraduate တန်းများအတွက် $ 18,000- $ 25,000 နှင့် Postgraduate တန်းများအတွက် $ 25,000-40,000 တို့ ဖြစ်ပါသည်။ တစ်နှစ်အတွက် နေထိုင်မှု ကုန်ကျစရိတ်မှာ မြန်မာကျပ် သိန်း ၁၂၀ မှ သိန်း ၁၅၀ အတွင်းသာ ရှိပါသည်။နယူးဇီလန်နိုင်ငံ၏ ပညာရေးစနစ်သည် British ပညာရေးစနစ်ကိုအခြေခံထားပါသည်။နယူးဇီလန်နိုင်ငံအစိုးရသည် အဆင့်မှီပညာရေးစနစ် နှင့် အရည်အချင်းရှိသည့် သင်ကြားမှုပုံစံများကို အာမခံချက်ပေးနိုင်အောင် ကြီးမတ်၍ အဆင့်မှီပညာရေးစနစ် ကို သေသေချာချာ ဖော်ဆောင်ထားပါသည်။
► နယူးဇီလန်နိုင်ငံသည် နွေးထွေးလုံခြုံ၍ သင့်တင့်တဲ့နေထိုင်စားသောက်မှုကုန်ကျစရိတ်၊ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် ၊ နိုင်ငံတကာမှလူမျိုးပေါင်းစုံ၊ ဓလေ့စရိုက် နဲ့ ယဉ်ကျေးမှုတို့ကို လေလာနိုင်မည့်နိုင်ငံ တစ်ခုလည်း ဖြစ်ပါသည်။နယူးဇီလန်နိုင်ငံမှ တက္ကသိုလ်များသည် သတ်မှတ်ထားသည့်အမှတ်ရရှိပါက အသက်အရွယ်ကန့်သတ်ချက်မရှိပဲ အလွယ်တကူတက်ရောက်နိုင်မည် ဖြစ်ပါသည်။
► ကျောင်းသားများသည် နယူးဇီလန်နိုင်ငံတွင် ပညာသင်နေစဉ်ကာလအတွင်းတွင် ကျောင်းသားဗီဇာနှင့် အတွေ့အကြုံရချင်သူများအနေဖြင့် အားလပ်ရက်များတွင် တစ်ပတ်လျှင် နာရီ (၂၀) အလုပ်လုပ်နိုင်ပါသည်။တစ်ချို့သောကျောင်းသားများသည်လည်း သူတို့တက်ရောက်နေသောတက္ကသိုလ်တွင်ပင် အချိန်ပိုင်းအလုပ်များရှာဖွေကြပါသည်။
ဒါကြောင့် ဒီလို အခွင့်အလမ်းများစွာ နဲ့ ပတ်သတ်ပြီး တစ်နေရာတည်း စုံစမ်း ရရှိနိုင်မယ့် STUDY ABROAD Information Centre ကို လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေ။
ကျောင်းသူကျောင်းသားများ ၏ ကျောင်းလျှောက်လွှာများ၊ Scholarship လျှောက်ထားဖို့ ပြင်ဆင်ထားရမည့် အချက်အလက်များ၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့် ကျောင်းသား ဗီဇာကိစ္စများ၊ပညာသင်ဆု လျှောက်ထားမှုများကို အသေးစိတ် ထပ်မံသိရှိလိုပါက STUDY ABROAD Information Centre ရုံးဖုန်း 09-5151008 ,09-420099997 သို့ ဖုန်းဖြင့်ဆက်သွယ်၍ ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။