Kaung Wai Thaw, Pre- University Foundation Program (James Cook University Singapore)

Kaung Wai Thaw, Pre- University Foundation Program (James Cook University Singapore)

ကျွန်တော်နာမည်ကတော့ ကောင်းဝေသော်ပါ။ ပြည်ပမှာ ကျောင်းတက်ချင်တာကတော့ ဆယ်တန်းမပြီးခင်ကတည်းက ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပါ။ အာရှတွင် ပညာရေးမှာ အလွန်ကောင်းမွန်တဲ့ စင်ကာပူနိုင်ငံမှာ ပညာသင်ယူပြီး အတွေ့အကြုံကောင်းတွေရဖို့၊ ပြည်ပသူငယ်ချင်းတွေနဲ့လည်း မိတ်ဖွဲ့နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ပြည်ပမှာသင်ကြားခဲ့တဲ့ အထူးပြုဘာသာရပ်ကို အရင်းပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ ကိုယ်ပိုင်စီးပွားရေးကို လက်တွေ့အကောင်အထည်ဖော်နိူင်ဖို့အတွက်လည်း ပညာရေးမှာ အလွန်ကောင်းမွန်တဲ့ စင်ကာပူ၊ ပြည်ပကိုထွက်ဖို့ ရည်ရွယ် ချက် ထားခဲ့တာပါ။

ဩစတြေးလျနိုင်ငံ အခြေစိုက်ကျောင်းဖြစ်သည့် James Cook University Singapore မှာ Foundation ကစပြီးတော့ တက်ရောက် မှာဖြစ်ပါတယ်။ စိတ်ဝင်စားတာကတော့ Business ပိုင်းနှင့် Hospitality and Tourism Management ပါ။ အဲ့ဒီ နှစ်ခုထဲကတစ်ခုကို Foundation ပြီးမှာ ရွေးတက်မှာပါ။

အရင်ဆုံးပြည်ပမှာ ကျောင်းရွေးဖို့ အစ်မနဲ့ အရင်တိုင်ပင်ဖြစ်ပါတယ်။ သူနှင့် တိုင်ပင်ပြီး ဘယ်ကျောင်းရမလဲ ဆုံးဖြတ်ချက်ကောင်းကောင်းမချနိုင်တာကြောင့် သူက STUDY ABROAD Information Centre ကို သွားရောက်ဆွေးနွေးဖို့ တိုက်တွန်းခဲ့တာပါ။ အဲ့တော့မှ STUDY ABROAD Information Centre ကိုသွားရောက်ပြီး အဲဒီက ဘယ်ကျောင်းနဲ့သင့်တော် မလဲဆိုတာကို အသေးစိတ်ရှင်းပြပေးခဲ့ပါတယ်။ နောက်ဆုံး University Student life ကိုလည်း အပြည့်အဝခံစားစေချင်လို့ James Cook University Singapore ကို ရွေးဖြစ်ခဲ့တာပါ။

ကျောင်းပြီးရင်တော့ အရင်ဆုံး Singapore မှာအလုပ်ရှာပြီးတော့ အတွေ့အကြုံအရင်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်တော့ နည်းနည်းအတွေ့အကြုံရှိလာမှ မြန်မာပြည်ပြန်လာပြီး ကိုယ်ပိုင်အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

အခက်အခဲကတော့မရှိခဲ့ပါဘူး။ STUDY ABROAD Information Centre ကိုရောက်ပြီး ကျောင်းရွေးပြီးတဲ့ အချိန်ကစပြီး လိုအပ်တဲ့ ပညာရေးစာရွက်စာတမ်းတွေနှင့် အခြားစာရွက်အထောက်အထားကို ပေးပြီးထဲက STUDY ABROAD က ဗီဇာရ တဲ့အထိကူညီဆောင်ရွက်ပေးတော့ အရမ်းကို အဆင်ပြေပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ ပညာသင်ကြားဖို့ တက္ကသိုလ်လျှောက်မယ်ဆိုရင် STUDY ABROAD Internation Centre မှာသွားရောက်ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။ အသေးစိတ်အချက်အလက်တွေနှင့် စိတ်ရှည်စွာရှင်းပြပေးတာကြောင့် စိတ်ကျေနပ်မိပါတယ်။

နိုင်ငံခြားမှာ ပညာသင်ဖို့ရည်ရွယ်ချက်ရှိကတည်းက အရင်ဆုံးလိုအပ်တာက အင်္ဂလိပ်စာ ကျွမ်းကျင်မှု့ပါ။ ပြီးတော့မှ ပြည်ပမှာပညာသင်ကြားနေတဲ့ အစ်ကို၊ အစ်မတွေကိုလည်း မေးထားသင့်ပါတယ်။ ပြီးတော့ ကိုယ်သွားတက်မယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း လေ့လာထားသင့်ပါတယ်။ သိချင်တာအားလုံးကို စိတ်ရှည်စွာရှင်းပြပေးတဲ့ STUDY ABROAD Information Centre ကိုသွားပြီး ကျွန်တော့်လိုပဲသိချင်တဲ့ Information တွေရယူဖို့ ပြောချင်ပါတယ်။