ကျွန်တော့်နာမည်က အောင်စည်ဖြိုး ဖြစ်ပါတယ်။ စင်ကာပူ PSB Academy မှာ Computer Science တက်နေ တာပါ။ ကျွန်တော် ကျောင်းစလျှောက်မယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ စင်ကာပူမှာတက်နေတဲ့ သူငယ်ချင်း တစ်ယောက်က STUDY ABROAD က အဆင်ပြေတယ်၊ service တွေလည်းကောင်းတယ် ဆိုလို့ ရောက်လာခဲ့တာပါ။ ကျွန်တော် ကျောင်းစလျှောက်တဲ့ အချိန်ကနေစပြီး နောက်ဆုံး Visa ရတဲ့အထိကို ကောင်းကောင်းမွန်မွန်နဲ့ အဆင်ပြေပြေ လုပ်ပေးခဲ့ပါတယ်။ တကယ်လည်း အဆင်ပြေခဲ့ပါတယ်။
ကျွန်တော်ဆိုရင် ကျောင်းလျှောက်တဲ့အချိန်တုန်းက တော်တော်လေးကို အခက်အခဲရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းက HND Transcript တွေ နောက်ကျတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကျတာကို STUDY ABROAD က ကျွန်တော်သွားချင်တဲ့ July Intake မှီအောင်လျှောက်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီကျောင်းကို အချိန်မှီတက်ခွင့်ရခဲ့တာပေါ့။ ပြီးတော့လည်း STUDY ABROAD က ကျောင်းလခထဲကနေလည်း စင်ကာပူဒေါ်လာ ၁၀၀၀ ကို Study Grant ရအောင် လျှောက်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
ဒါ့အပြင် စင်ကာပူမှာ သွားတက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဘယ်လောက်တောင် service က ကောင်းလဲဆိုရင် စင်ကာပူသွားရင် လိုအပ်တဲ့ Ez link ကဒ်၊ SIM ကဒ် နဲ့ စင်ကာပူ map က အစ အကုန်ထည့်ပေးခဲ့ပါတယ်။ အဲ့အတွက်လည်း STUDY ABROAD Information Centre ကျေးဇူး အများကြီးတင်ပါတယ် လို့ ပြောချင်ပါတယ်။