Aung Kha, Diploma in Construction Engineering (Nanyang Institute of Management)

Aung Kha, Diploma in Construction Engineering (Nanyang Institute of Management)

ကျွန်တော့်နာမည်က အောင်ခပါ။ ကျွန်တော်က Nanyang Institute of Management မှာ Construction Engineering ကို တက်ရောက်မှာပါ။ ပြည်ပမှာ ကျောင်းတက်ဖို့ ဆုံးဖြတ်ဖြစ်တာကတော့ အဓိက နိုင်ငံခြားအတွေ့အကြုံ လိုချင်တာရယ်၊ မြင့်မားတဲ့ ဘာသာရပ်တစ်ခုကို သင်ယူချင်တာရယ်ကြောင့်ပါ။ ဒါ့အပြင် ကျွန်တော် သင်ယူတက်မြောက်လာသော ပညာတွေနှင့် အတွေ့အကြုံတွေကို မြန်မာပြည်ပြန်လာပြီး  လုပ်ငန်းခွင်ထဲမှာ အသုံးချချင်လို့ပါ။

Construction Engineering ဘာသာရပ်ကို ရေွးချယ်ရတဲ့ အကြောင်းကတော့ စိတ်ဝင်စားတယ်၊ ပြီးတော့ မြန်မာပြည်ပြန်ရောက်ရင် လုပ်မယ့်လုပ်ငန်းနဲ့လည်း အဆင်ပြေတာကြောင့် ရွေးချယ်လိုက်တာပါ။

ကျောင်းရွေးချယ်တဲ့အခါမှာ ပထမဆုံး ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို Internet မှာအရင်ရှာကြည့်ပါတယ်။ ကျောင်းအကြောင်းတွေကို စုံစမ်းရင် Senior အစ်ကိုတစ်ယောက်ရဲ့ ဆက်သွယ်ပေးရာကနေ STUDY ABROAD Information Centre ကို စသိခဲ့ပါတယ်။  အဲ့ဒါနဲ့ပဲ STUDY ABROAD Information Centre မှာစင်ကာပူကျောင်းအကြောင်းလေးတွေ သိချင်လို့ ဆက်သွယ်ခဲ့ပါတယ်။ ပြီးတော့မှ ကိုယ်တက်ချင်တဲ့ ကျောင်းရဲ့ ကုန်ကျစရိတ်၊ ကျောင်းရဲ့ Ranking၊ ပညာရေးလမ်းကြောင်းနှင့် အခြားအချက်အလက်လေးတွေ ပြည့်ပြည့်စုံစုံသိခဲ့ပြီးမှ Nanyang Institute of Management ကို ရွေးချယ်ခဲ့တာပါ။

ကျောင်းပြီးသွားရင်တော့ Singapore or Australia မှာ အရင်အလုပ်လုပ်ဖို့ စဉ်းစားထားပါတယ်။

ကျောင်းလျှောက်တုန်းကတော့ အခက်အခဲ မရှိပါဘူး။ ကျောင်းလျှောက်ပြီး ဗီဇာရတဲ့အထိ လေယာဉ်လက်မှတ်ရတဲ့အထိ လိုအပ်တဲ့ ပညာရေးစာရွက်စာတမ်းနှင့် အခြားအခြားသောအရာတွေကို STUDY ABROAD က ကူညီ ပြင်ဆင်ပေးခဲ့လို့ အဆင်ပြေပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ တက္ကသိုလ်တွေ လျှောက်ထားဖို့ဆိုရင် STUDY ABROAD မှာဆွေးနွေးတိုင်ပင်ကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်။