◼︎ ဆယ်တန်း၊ IGCSE အောင်မြင်ထားသူများ အတွက် စင်ကာပူ PSB Academy တွင် Diploma ကျောင်းလခ 50% ထိ သက်သာနိုင်မည့် PSB Ambasador Search 2020 လျှောက်ထားရယူနိုင်ပါကြောင်း သတင်းကောင်းပါး ပါရစေ။ Diploma တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် လာမည့် October Intake အတွက် ပေးအပ်ချီးမြှင့်မည့် PSB Ambasador Search 2020 ကို STUDY ABROAD Information Centre တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။
◼︎ PSB Academy သည် နှစ်ပေါင်း ( ၅၀ )ကျော်သက်တမ်းရှိပြီ ဖြစ်ပြီး စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီကွမ်ယု ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ PSB Academy သည် Singapore Association for Private Education နှင့် Committee for Private Education (CPE) တို့၏ အသိအမှတ်ပြုမှုကို လက်ခံရရှိထားပြီး အကောင်းဆုံး ပညာရေးအဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် Certificateအပြင် Education Institution of The Year၊ Best Private Education Institution in Singapore၊ Best Private School in Singapore for Engineering၊ Provider of Largest MBA Programs Award ဆုတံဆိပ်များစွာကို ချီးမြှင့်အပ်နှင်းခြင်း ခံထားရသော ကျောင်းတစ်ကျောင်းလည်းဖြစ်ပါသည်။
◼︎ PSB တွင် ဘာသာရပ်များအနေဖြင့် Business Administration ,Accounting and Finance,Supply Chain Management,Digital Marketing, Tourism & Hospitality Management , Info Comm Technology , Network Defense and Forensic Countermeasures, Mechanical Engineering Technology, Electrical Engineering Technology,Media and Communications, Sport and Exercise Sciences,Life Science စသည့် အစရှိသော ဘာသာရပ်များအပြင် ဘာသာရပ်ခွဲများစွာကို သင်ယူလေ့လာနိုင်ပါသည်။
◼︎ PSB Academy တွင် Foundation မှစ၍ Diploma, Bachelor, Post Graduate Diploma, Master တန်းများအထိ ရွေးချယ်တက်ရောက်နိုင်ပါသည်။ Intake များမှာ January , April , July , October တို့ဖြစ်ပါသည်။ လုပ်ငန်းခွင်နှင့် သက်ဆိုင်သော၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် သက်ဆိုင်သော ဟောပြောပွဲများ၊ အလုပ်အကိုင်ပြပွဲများ၊ လုပ်ငန်းခွင်သို့ လက်တွေ့သွားရောက် လည်ပတ်မှုများအပြင် Industry Partner များနှင့် Networking Event များကိုပါ ပူးတွဲကျင်းပပေး၍ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမှာ ဖြစ်ပါသည်။
ဒါပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ မိမိဝါသနာနဲ့အညီ သင်ယူနိုင်မယ့် ဘာသာရပ်တွေနဲ့ မိမိနှင့် ကိုက်ညီသည့် ပညာရေးအစီအစဉ်များကိုလည်း တစ်ဦးချင်းဆွေးနွေးနိုင်ဖို့ နှင့် HND အောင်မြင်ထား သူများနှင့် Master ဘွဲ့ တက်ရောက်လိုသူများအတွက် STUDY Grant လျှောက်ထား ရယူနိုင်ရန် လိုအပ်သည့်အချက် ကို သိရှိစေဖို့ STUDY ABROAD Information Centre ရုံးဖုန်း 09-5151008 ,09-420099997 သို့ ဖုန်းဖြင့်ဆက်သွယ်၍ ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။