🌎🔐 Why WIFI is dangerous for you?” Online Seminar (Contact : 09 5151008, 09 420099997)

🌎🔐 Why WIFI is dangerous for you?” Online Seminar  (Contact : 09 5151008, 09 420099997)

🌎🔐 မိမိသတင်းအချက်အလက် လုံခြုံရေးကို ကာကွယ်ဖို့အတွက် Cyber Security ၏ အရေးပါပုံ နှင့် အင်တာနက်ခေတ်တွင် နေရာတကာမှာ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်သည့် WIFI ၏ ကြိုတင် သတိမပြုနိုင်သည့် အန္တရာယ်ကို သိရှိစေရန် ဆွေးနွေးပေးသွားမည့် “ Why WIFI is dangerous for you?” Online Seminar 🌎🔐
(Contact : 09 5151008, 09 420099997)

Register :
https://forms.gle/SkcEUU6Dhj73r1E9A


❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑

Date: 26.6.2020 ( Friday)
Time: 2:00 pm to 4:00 pm
Venue: Online Platform
( Information would be provided by STUDY ABROAD after Registration)


❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑❑

🌎🔐 ကမ္ဘာနှင့်တဝှမ်း cyber crime များနှင့်ပတ်သတ်၍ ခြိမ်းခြောက်မှုများ များပြားလာသည့်အတွက် လူငယ်၊လူရွယ်များအနေဖြင့် သတင်းအချက်အလက် လုံခြုံရေးနှင့် ဆိုင်ဘာလုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှု့များ၊ ဆိုင်ဘာတိုက်ခိုက်မှုများနှင့်ပတ်သတ်၍ ကာကွယ်နိုင်မည့်နည်းလမ်းများ သိရှိရန် Cyber Security နှင့်ပတ်သတ်ပြီး ဆွေးနွေးပေးသွားမယ့် ………….. “Why WIFI is dangerous for you?” Online Seminar လေးအကြောင်းဝေမျှပေးပါရစေ။

🌎🔐 ယနေ့ခေတ်မှာ မိမိသုံးနေတဲ့ Email ၊ Facebook ၊ Instagram နဲ့ အခြားသောလူမှုကွန်ယက်တွေကို တစ်ယောက်ယောက်က ခိုးယူတာ၊ တိုက်ခိုက်တာမျိုး တွေအမြောက်အမြား ရှိလာကြပါတယ်။ နာမည်ကြီး Celebrity, စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လူမှုကွန်ယက်၊ ရုံးဝက်ဘ်ဆိုက်တွေနဲ့ အခြားသော လူမှုကွန်ယက်တွေ၊ Online Banking တွေ၊ အွန်လိုင်းက ငွေပေးချေမှု စနစ်တွေဟာလဲ Hacker တွေရဲ့ တိုက်ခိုက်မှုကို ခံနေ ရတာတွေဟာ Cyber Crime ဖြစ်နေခြင်းပါပဲ။ ဒါကြောင့် Cyber Crime တွေ မဖြစ်အောင် ကာကွယ်ဖို့ Cyber Security က အရေးကြီးလှပါတယ်။

🌎🔐 အင်တာနက်ကို Mobile Data ဖြင့်ဖြစ်စေ၊ မိမိအိမ်မှာ WIFI တပ်ဆင်၍ဖြစ်စေ၊ သူများဆီမှ Hotspot လွှင့်၍ ဖြစ်စေ၊ တစ်ချို့နေရာများ တွင်လွှင့်ထားသည့် WIFI ကို Share ၍ ဖြစ်စေ နည်းအမျိုးမျိုးဖြင့် အသုံးပြု နေကြပါတယ်။ WiFi ကို လေဆိပ်၊ ကားဂိတ်နဲ့ စားသောက်ဆိုင်များ မှာ အလွယ်တကူ ရရှိနိုင်ပြီး mobile သုံးစွဲသူဟာအပြင် WiFi ကို ချိတ်ဆက်ထား လျှင် hacking လုပ်တဲ့အခါ ချိတ်ဆက်ထားတဲ့ WiFi မှ တဆင့် အလွယ်တကူ mobile phone ထဲ့သို့ ဝင်ရောက်၍ အချက်အလက်များ, personal information တို့ကို အလွယ်တကူ ရယူနိုင်ပါတယ်။ ဒီလို WiFi ကို အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ပြီး ကိုယ်မသိတဲ့ WiFiကို ချိတ်ဆက် အသုံးပြုခြင်း ဟာ အန္တရာယ် များကြောင်း လူအများ သတိမပြုမိကြပါဘူး။

🌎🔐 WiFi ဟာ router ရဲ့ ထုတ်လွှင့်မှု အတွင်းရှိ မည်သူမဆို အသုံးပြုနိုင်ပြီး hacking (ထိုးဖောက်မှု) ကို လဲ အလွယ်တကူ ခံရနိုင်ပါတယ် ။ ဒီလို ကွန်ရက်တွေ ထဲ ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်တွေကို ခိုးယူဖို့ကြိုးစားနေတဲ့ နည်းပညာမြင့်ဟက်ကာတွေရဲ့ အန္တရာယ်တွေ ရှိနေပြီး အဲဒီလို ထိုးဖောက်ခိုးယူခံလိုက်ရရင် ဆုံးရှုံးသွားမယ့်ငွေကြေးပမာဏက အရမ်းကိုကြီးမားလွန်းပါတယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ Cyber Security ဟာလည်း ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေနဲ့ လူသားတွေအတွက် ပိုပြီးအရေးပါလို့လာပါတယ်။

👍👍👍 ဒီလိုအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် Cyber Security ( ဆိုက်ဘာလုံခြုံရေး) ပညာရပ်ဟာလည်း ဒီနေ့ခေတ်မှာ အရေးကြီးဆုံးပညာရပ်တစ်ခုဖြစ်လာသလို နိုင်ငံတကာမှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်လှတဲ့ ပညာရပ်တစ်ခုဖြစ်လာလျက်ရှိပါတယ်။ဒါကြောင့် STUDY ABROAD Information Center မှ ကြီးမှုးပြီး Cybersecurity နဲ့ဆက်လျဉ်းတဲ့ Online ပညာရေးဆွေးနွေးပွဲကြီးကို ကျောင်းသူ၊ ကျောင်းသားများအတွက် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

👉👉👉 အဆိုပါဆွေးနွေးပွဲတွင် နည်းပညာပိုင်း ထူးချွန်၍ လက်ရှိတွင်လည်း PSB Academy တွင် ပညာသင်ကြားပေးနေသည့် Assistant Lecturer Mr.Ankit Saurabh ကကျောင်းသူ၊ကျောင်းသားများအတွက် WIFI ကို အသုံးပြုခြင်းဖြင့် Devices တွေကို ဘယ်လို Hack လုပ်နိုင်မယ်ဆိုတဲ့အကြောင်းအရာအသေးစိတ် ဟောပြောပေးမည့်အပြင် Cybersecurity နှင့် ပတ်သတ်ပြီး အကျယ်တဝင့် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

👉👉👉 ဒါကြောင့် အင်တာနက်ခေတ်တွင် နေရာတကာမှာ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်သည့် WIFI ၏ ကြိုတင်သတိမပြုနိုင်သည့် အန္တာရယ်ကို သိရှိစေရန် နှင့် အနာဂတ်တွင် စီးပွားရေးလုပ်ငန်းများ၏ အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်လာမည့် Cyber Security အား စိတ်ပါဝင်စားသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Register :
https://forms.gle/SkcEUU6Dhj73r1E9A

👍👍👍 မြန်မာအစိုးရ ( ၁၀ ) တန်း အောင်မြင်ပြီးသူများ၊ IGCSE အောင်မြင်ထားသူများ၊ HND ဒီပလိုမာတန်း ပြီးထားသူများ၊ တက္ကသိုလ် တက်ရောက်နေသူများ၊ ဘွဲ့ရပြီး သူများ၊ IT Security Professional တစ်ဦးအဖြစ် Career လုပ်လိုသူများ၊ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီကို ရယူလိုသူများအနေဖြင့် ပညာရေး လမ်းကြောင်းများ သိရှိနိုင်မည် ဖြစ်သောကြောင့် ဇွန်လ (၂၆) ရက်နေ့ Cyber Security Workshop တက်ဖို့ လိုအပ်တာတွေကို အသေးစိတ် သိရှိနိူင်ဖို့ STUDY ABROAD Information Centre ရုံးဖုန်း 09-5151008 ,09-420099997 သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ကျောင်းသူကျောင်းသားများ ၏ ကျောင်းလျှောက်လွှာများ၊ Scholarship လျှောက်ထားဖို့ ပြင်ဆင်ထားရမည့် အချက်အလက်များ၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့် ကျောင်းသား ဗီဇာကိစ္စများ၊ပညာသင်ဆု လျှောက်ထားမှုများကို အသေးစိတ် ထပ်မံသိရှိလိုပါက STUDY ABROAD Information Centre ရုံးဖုန်း 09-5151008 ,09-420099997 သို့ ဖုန်းဖြင့်ဆက်သွယ်၍ ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။